Tuesday, July 18, 2006

စိုင်းစိုင်းခမ်းလှိုင်

သူလေးကတော့ လင်းလက် အထက်တန်းတက်ကတည်းက အသဲစွဲမင်းသားလေးပေါ့ ဟိဟိ မကြိုက်တာလည်း ဘာမှမရှိတော့ဘူးထင်ပါတယ်။

သူငယ်ချင်းများစွာသီချင်းမှာ စိုင်းစိုင်းကိုခိုက်သလို ဖေဖော်ဝါရီမှတ်တမ်းမှာလည်း ကြိုက်ပါတယ်။ စိုင်းစိုင်းဟုခေါ်သည်အခွေထဲက အထီးကျန်နဲ့ သူငယ်ချင်းလေးပါပဲဆိုတဲ့သီချင်းကိုလည်းအရမ်း ကြိုက်ပါတယ်။

သူ့ရှိုးပွဲမှာ သူနားနေချိန် အပေါ်ထပ်တက်စကားသွားပြောတော့ လက်အုပ်လေးချီပြိး မင်္ဂလာပါညီမလေးလို့ပြောတော့ လင်းက ဟုတ်ကဲ့မင်္ဂလာပါအကိုလို့ပြောတော့ ပြုံးတဲ့အပြုံးလေးက ချစ်စရာသိပ်ကောင်းပါတယ်။

သူနောက်ဆုံးသီချင်းဆိုချိန်မှာ သူ့ကို လက်ဆောင်တစ်ခုခုပေးချင်တဲ့စိတ်က ဖြစ်ပေါ်လာတာနဲ့ အိပ်ထဲကိုကြည့်တော့လည်း ဘာမှမပါလာဘူး။ ပန်းစည်းလည်းမရောင်းသလို အဲဒီနားမှာ ဘာမှလည်းမရှိတာနဲ့ လင်းလက် ၊ သူရိန်နဲ့သန်းထက်က ကားလမ်းမကိုကူး အမ်အာတီကိုလည်းပြေးကြည့်။ နောက် ခပ်လှမ်းလှမ်းက စားသောက်ဆိုင်တွေဟိုးဘက်အဝေးက Cheers မှာအရုပ်လေး ၂ခုဝယ်ပြီး အပြေးပြန်လာခဲ့တာ ခြေထောက်တွေ သွေးတောင်စို့နေခဲ့တယ်။ ကိုယ်သိပ်ချစ်တဲ့အနုပညာရှင်အတွက်ဆိုပြီး အတော်ကြိုက်လွန်းလို့ ဒေါက်မြင့်ဖိနပ်နဲ့ အတော်ဝေးဝေးကိုပြေးလိုက်ရတာ အခုထိခြေထောက်က မသက်သာသေးဘူး။

စိုင်းစိုင်းကသီချင်းတွေကို မရပ်မနား အတော်များများ ဒိုင်ခံဆိုသွားတာ သနားလည်းသနားသလို အတော်ပျော်မိပါတယ်။ သူဆိုတဲ့သီချင်းအားလုံးက အရမ်းကောင်းသလို လင်းအရမ်းကြိုက်ပါတယ်။ အထီးကျန်သီချင်းကိုမဆိုခင် စိုင်းစိုင်းက ` သူတို့၂ယောက်က လေယဉ်ကြီးစီးပြီးထွက်သွားတော့ ကျွန်တော်လည်းဒီသီချင်းကိုစရေးတာပဲ´ဆိုတဲ့အပြောလေးက အတော်ချစ်ဖို့ကောင်းပါတယ်။

တကယ်တမ်းတော့ရဲလေးက ပိုချောပေမယ့် စိုင်းစိုင်းက လူချစ်ခင်အောင် အမူအယာလေးတွေ ၊ ကကွက်လေးတွေ ပိုသာတာကြောင့်ပရိတ်သတ်ပိုစွဲခဲ့တယ်။ စိုင်းစိုင်းက လူချစ်အောင် နေတတ်တဲ့ မင်းသားတစ်လက်ဖြစ်နေခဲ့တာလေ။ စိုင်းစိုင်းသီဆိုတဲ့ အတင်းအဖျင်းပြောသောအဒေါ်ကြီးအကြောင်းကို နားထောင်၇င်း ရီလိုက်ရတာ အူတွေပါနာတယ်။ သူက အမူအယာလေးတွေပါ ထည့်လုပ်ပြနေတော့ ပရိတ်သတ်ကပိုချစ်တာပေါ့နော်။ ကောင်းမြတ်လေးလည်း အတော်ချောသလို သီချင်းဆိုအတော်ကောင်းတယ်။ လုံးဝဖီလင်မလာတာ ငယ်ငယ်ပေါ့။

စိုင်းစိုင်းလည်း ဒီထက်မက အောင်မြင်မှုများစွာရရှိနိုင်ပါစေ။

( မမမေရေ ၃၅ကျပ် တန်ပါတယ်။ ၁၀၀ဆိုလည်း တန်ပါတယ် မမမေ ဟိးးးး )

2 comments:

Ingrid said...

လင်းလက် ... မမလည်း ကြည့်ချင်လိုက်တာ ... ဆက်ရေးနော် ... အမြဲဖတ်နေတယ်။

မိုးညကာရန် said...

လင်းလက်နဲ့တို့တူတူဘဲ

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။