Thursday, July 20, 2006

မေ့မရသော အခင်ရဆုံးမောင်နှမများ

ကိုဟန်မင်းထွန်း

ကိုကြီးဟန် … သူကတော့ လင်းလက်ဘ၀ရဲ့ အတွယ်တာရဆုံး မောင်နှမတွေထဲက တစ်ယောက်ပါ။ ပလန်းနက်မြေကို စရောက်တဲ့အချိန်မှာ သူနဲ့စတင်သိကျွမ်းခဲ့ရပြီး အတော်များများက လေးစားရတဲ့ မှန်ကန်တိကျသော အကိုကြီးတစ်ယောက်ပါ။ အသိတွေအများကြီးကြားထဲက လင်းကို ညီမလေးဂျူးဂျူးဆိုပြီး သိပ်ကိုအလိုလိုက်တဲ့အကိုတစ်ယောက်ပါ။

လင်းလက်က ချတ်တင်တွေမှာ စကားများတယ်။ အပြင်မှာ တကယ်ဒေါသမကြီးဖို့ အမြဲဆုံးမပြီး လင်းနဲ့ ဘ၀အကြောင်းပါမကျန် အကုန်ပြောတဲ့ ပွင့်လင်းဆုံးမောင်နှမတစ်ယောက်ပါ။ လင်းရဲ့အပြင်လောကက အခက်ခဲများကိုလည်း အမြဲအကြံပေးကူညီဖြေရှင်းလေ့ရှိပြီး လင်းဆိုးသမျှအားလုံးကို ခံရသူပါ။

ကိုကြီးဟန်နဲ့တခြားမောင်နှမတွေ ဘရောင်းမှာတွေ့တိုင်း လင်းအကြောင်းကိုပြောပြီး သိပ်သတိရတယ်လို့ဆိုတိုင်း မျက်ရည်တွေဝဲမတတ်ခံစားရပါတယ်။ လင်းပြန်လာချိန်ကို မေးတဲ့လူတွေထဲမှာ ကိုကြီးကထိပ်ဆုံးကပါ။ လင်းကိုဆူလည်းမဆူ အမြဲလေပြေနဲ့ ဖြစ်သင့်တာကို အမြဲလမ်းညွန်ပြသပေးခဲ့တဲ့ လင်းဘ၀ရဲ့ မှတ်တိုင်တစ်ခုပါ။

ကိုကြီးနဲ့လင်းခင်ခဲ့တဲ့သက်တမ်းတစ်လျှောက် အတော်များများက အမျိုးမျိုးစွပ်စွဲ ဝေဖန်ခဲ့ကြပေမယ့် လင်းတို့က အုပ်စုနဲ့နေတာဆိုတော့ အုပ်စုလိုက် ဖြူစင်သန့်ရှင်းတဲ့မောင်နှမအုပ်စုအဖြစ် ဘယ်သူ့ကိုမှရန်ရှာခြင်းမပြုဘဲ ဆက်လက်ခိုင်မြဲနေခဲ့ကြတယ်။

မီးအလင်းရောင်တစ်ခုလို အမြဲ ညီမလေးဘ၀အတွက် လမ်းညွန်ပြသဆုံးမပေးခဲ့တဲ့ကိုကြီးနဲ့ဝေးခဲ့တာ လပေါင်းများစွာလည်းကြာခဲ့ပါပြီ။ ချတ်တင်တွေကိုမစုံမက် ၊ ကိုယ့်အုပ်စုကိုသာ စွဲစွဲမြဲမြဲချစ်ခင်တဲ့ကိုကြီးနဲ့ညီမလေး ခင်မင်မှုသံယောဇဉ်တွေကို ဘယ်လိုရှင်းပြရမှာလည်း။ မကောင်းတဲ့မိတ်ဆွေတွေကြုံတိုင်း ကိုကြီးသံယောဇဉ်ပုံရိပ်တွေကို အခုထိ တမ်းတနေဆဲပါ။ မိုးညသီချင်းကို သိပ်ကြိုက်ပြီး စကိုက်ပီမှာ ညီမလေးတို့အုပ်စု မိုးလင်းမတတ် စကားပြောခဲ့တဲ့နေ့ရက်တွေကို ညီမလေးသိပ်သတိရနေပါတယ်ကိုကြီး။

၁၉ဂျူလိုင်မမေ့နိုင်ဆိုတဲ့နေ့မတိုင်ခင် မနှစ်က ၁၈ရက်နေ့ညမှာ မောင်နှမ၃ယောက် ညလုံးပေါက် စကားအတူထိုင်ပြောခဲ့ကြတဲ့နေ့ရက်ကို သတိရနေဆဲပါ။ ပင်လုံမှာ ပျော်နေပြီလား ညီမလေး မသိဘူး။ ဒါပေမယ့် ကိုကြီးကိုယုံတယ်။ အမြဲသတိနေလိမ့်မယ်ဆိုတာ စိတ်ကအကြွင်းမရှိယုံတယ်။ မောင်နှမအရင်းထက် ပိုချစ်တယ်ဆိုတာ ဘုရားသိပါတယ်။

ကော်နက်ရှင်တွေမကောင်းတဲ့ကြားက တစ်ခုပြီးတစ်ခု ရအောင်ကြိုးစားရင်း တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ခ်ျပို့လိုက် မေးလ်ပို့လိုက်နဲ့ အချိန်အတော်ကြာခင်ခဲ့ကြတာ အခုထိ တမ်းတနေဆဲပါ။ တစ်ယောက်တစ်နယ်စီ ဝေးသွားပါစေ ခင်မင်မှုတွေမလျော့ကြေးဆိုပြီး စကားတစ်ခွန်းအဆုံးမှာ ဝေးခဲ့ကြတာ အခုထိပြန်မတွေ့သေးပေမယ့် ညီမလေးဘက်က သတိရနေပါတယ်။

ချစ်သော ကိုကြီး အောင်မြင်မှုတွေအများကြီးနဲ့အတူ မိသားစုမှာ ပျော်ရွှင်ချမ်းမြေ့နေပါစေ။

ကိုအောင်သူမိုး

သူကတော့ လင်းနဲ့ သူငယ်ချင်းလိုပေါင်းတဲ့ အခင်ရဆုံးစာရင်းထဲမှာ ပါတဲ့အကိုတစ်ယောက်ပါ။ သူကတော့ အကိုတွေထဲမှာ လူချစ်လူခင်အများဆုံးသူတစ်ယောက်ပါ။ လင်းနဲ့အကိုခင်မင်မှုက မောင်နှမအရင်းလို တိုင်တိုင်ပင်ပင်နဲ့ အမြဲရင်းနှီးခဲ့တာကြောင့် တစ်ခြားလူမျက်လုံးနောက်ရလောက်အောင်ဖြစ်ခဲ့ပေမယ့် လင်းတို့က မောင်နှမလို သိပ်ခင်ခဲ့ကြတယ်။

အကို့ကို လင်းအနိုင်ကျင့်လွန်းလို့ တစ်ခါတစ်လေလည်း အားနာရလှပါတယ်။ သူက ချတ်တင်ဝင်ရင် လူခင်တအားများတော့ လင်းက သူ့ကိုသီးသန့်စကိုက်ပီမှာ ခေါ်ခေါ်ပြောပါတယ်။

အကိုစိတ်ညစ်ချိန်တိုင်း လင်းက ပေါက်ကရလေးဆယ်ပြောပြီး အမြဲအကြံပြုသူပေါ့။ လင်းစိတ်ညစ်ချိန်တိုင်း လင်းဘေးမှာ အမြဲရပ်တည်ပေးခဲ့တာလည်း အကိုအောင်သူမိုးပါပဲ။

လင်းတို့တစ်အုပ်စုလုံး တစ်နေရာစီဝေးနေပေမယ့် ပြန်ဆုံတိုင်း ၀မ်းသာအားရဖြစ်စမြဲပါ။ လင်းခင်ရတဲ့ အကို အမြဲရွှင်လန်းချမ်းမြေ့စွာနဲ့ ဘ၀တစ်ခုလုံး ပျော်ရွှင်နေပါစေ။

မမနတ်သမီးငယ်

မမငယ်က လင်းကို ညီမအရင်းတစ်ယောက်လို သိပ်ချစ်တဲ့ မမတစ်ယောက်ပါ။ ညီမလေးအတွက်ဆို မကောင်းတဲ့ကော်နက်ရှင်တွေကြားက အွန်လိုင်းရအောင်တက်ပြီး မေးလ်အရှည်ကြီးရေးသူပါ။

မမငယ်နဲ့လင်းက ခံစားချက်အတော်များများတူသလို စိတ်ဓါတ်ချင်းလည်း တူကြပါတယ်။ ပတ်ဝန်းကျင်က သပုတ်လေလွင့်ပြောကြတာကို ခံရတဲ့အထဲမှာလည်း ညီမ၂ယောက်အတူတူပါပဲ။

ပျော်ရွှင်ချိန်မှာလည်းအတူတူ ၊ အားငယ်စိတ်ညစ်နေချိန်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြောကြသူပါ။ မောင်နှမတွေအုပ်စုထဲမှာ လင်းနဲ့အရင်းနှီးဆုံးအမတစ်ယောက်ဖြစ်ပြီး လင်းချစ်ရတဲ့မမလည်းဖြစ်ပါတယ်။

ညလေးသိပ်ချစ်တဲ့မမငယ် ချစ်ရသောချစ်သူလေးနဲ့အတူ ဘ၀တစ်ခုလုံးအေးချမ်းပျော်ရွှင်နေပါစေ။

ချစ်သူငယ်ချင်းလေး ဂျူလိုင်

သူကတော့ လင်းနဲ့ သီးသန့်လေးရင်းနှီးတဲ့ သူငယ်ချင်းလေးပါ။ အမလိုလည်းချစ်ရသလို သူငယ်ချင်းလိုလည်း ချစ်ရပါတယ်။

စကားပြောရင် ပွင့်လင်းလို့ တစ်ခါတစ်လေ လင်းတောင်စိတ်ဆိုးမိရတယ်။ လင်းကို ဘယ်သောအခါမှ စိတ်ဆိုးခြင်းမရှိဘဲ ကလေးဆိုးဆိုပြီး အမြဲချစ်စနိုးနဲ့ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။

တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုချစ်ကြပြီး ဘယ်သူဘာပြောပြော သိပ်ဂရုမစိုက်တတ်ကြပါဘူး။ အွန်လိုင်းပေါ်မှာ မှန်ကန်တဲ့အမှန်အကန်သံယောဇဉ်လိုင်းမှာ နေကြပြီး ဘယ်သူမှလည်း အပြစ်လာပြောလို့မရပါဘူး။ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းနေလွန်းလို့ ကျူစီတွေကတော့ လင်းလက်နဲ့ဂျူလိုင်ဆို အမြင်ကတ်ကြပါတယ်။

မတရားတာဆို သည်းခံလို့မရတော့ရင် အမြဲ၂ယောက် အတူလက်တွဲပြီး ဖြေရှင်းကြတဲ့ သူငယ်ချင်း၂ယောက်လို့လည်း ဆိုနိုင်ပါတယ်။

ချစ်သူငယ်ချင်းလေး ဂျူလိုင် ဘ၀တစ်ခုလုံး အေးချမ်းပျော်ရွှင်နေပါစေ။

မမသီရိလေး

သူကတော့ မြန်မာချတ်က ခင်ရတဲ့မမတစ်ယောက်ပါ။ စိတ်ထားနူးညံ့ပျော့ပျောင်းသလို ခင်ဖို့လည်းကောင်းပါတယ်။

မမက လင်းအတွက် ရန်ကုန်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတော်တော်များများမှာ ကူညီပေးသလို လင်းကို အချစ်နဲ့ပတ်သတ်ရင် မခံစားစေရအောင် ပြောပြပေးတဲ့မမတစ်ယောက်ပါ။

လင်းအတွက် မမေ့နိုင်တဲ့မမကောင်းတစ်ယောက်ပါပဲ။ မမအမြဲပျော်ရွှင်နေပါစေ။

အောင်စိုးမင်း ၊ သူရိန်

သူတို့နှစ်ယောက်ကတော့ လင်းလက်ရဲ့ စင်ကာပူက အတော်ခင်ရတဲ့ မောင်လေး၂ယောက်ပါ။ ၂ယောက်လုံး ခင်ဖို့ကောင်းသလို သည်းခံကြပါတယ်။ စကားပြောယဉ်မွန်ပြီး ဖော်ရွေတတ်လို့ လင်းညီမလေးတစ်ယောက်ကတောင် သူတို့ကိုချီးကျူးပါတယ်။

အမ အကူညီလိုတိုင်း အမြဲတစ်ယောက်တစ်လှည့်စီ တတ်နိုင်သလောက် ကူညီပေးခဲ့တာတွေအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ် မောင်လေးတို့။

မောင်လေး၂ယောက် အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ။

ကိုသံလွင်

ယူအက်စ်မှာနေတဲ့ ခင်ဖို့ကောင်းတဲ့ အကိုတစ်ယောက်ပါ။ အမှန်တရားကိုမြတ်နိုးပြီး မောင်နှမတွေကို အလွန်တွယ်တာသူပါ။

လိမ်တာကိုမကြိုက်သလို တစ်ခါတစ်လေ ချတ်ရွန်းကို အပြင်ပုံစံအတိုင်း အရမ်းတွက်လွန်းလို့ စကားများတတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အမှန်တရားကိုချစ်မြတ်နိုးမှု ၊ နိုင်ငံကိုချစ်တဲ့စိတ်ကိုတော့ လင်းအမြဲ လေးစားလျက်ပါ။

သူနဲ့စခင်တဲ့ရက်ကလည်း မှတ်မှတ်ရရပါပဲ။ ရန်လေးနဲ့လင်းလက်က တစ်ဖက် ၊ သူကတစ်ဖက် စကားနိုင်လုပြောရင်း စခင်သွားကြတာပါ။

အမှန်တရားကြားမှာ မှန်ကန်တဲ့မိတ်ဆွေတွေနဲ့အတူ ဘ၀တစ်ခုလုံးပျော်ရွှင်ချမ်းမြေ့နေပါစေအကို။

မမအဝေးလမင်း

စင်ကာပူမှာနေတဲ့ သိပ်ချစ်ရတဲ့မမတစ်ယောက်ပါ။ လင်းလက် စိတ်အားငယ်နေချိန် ၊ စိတ်ဓါတ်ကျနေချိန်တွေမှာ အားပေးစကားပြောပြီး နှစ်သိမ့်ပေးခဲ့တဲ့ ချစ်မမတစ်ယောက်ပါ။

လင်းကို ရန်ပွဲတွေတိုင်းလို်က်ထိန်းပေးပြီး ညီမအရင်းနဲ့မခြား သိပ်ခင်လို့ လင်းကလည်း မမကို သိပ်ချစ်ပါတယ်။

လမ်းခွဲတာဝမ်းနည်းစရာလား စာအုပ်ကို ၂ယောက်အတူတူကြိုက်ခဲ့တာလည်းတူပါတယ်။ သီချင်းတွေနားထောင်ရတာ ၀ါသနာအရမ်းပါပြီး လင်းနဲ့လည်း အတွဲညီပါတယ်။

ရှေ့ဆက်ရမယ့် မနက်ဖြန်တိုင်းမှာ ပျော်ရွှင်ပါစေချစ်မမအဝေးး။

1 comments:

friends said...

Nyimalay Juu Juu

Nyimalay Juu Juu yay..
kogyi akhu mha di post ko read lite ya tal.. ko gyi a yan ko kyi nuu mi tal.. Ko gyi Nyimalay ko khin khae tae khin min mahut ka bal har nae mha pyaung lae lo ma ya buu so tar nyimalay yone tal so tar . mhat htar naw... nyimalay yay.. kogyi lae next mhar one post tin lite mal.. wait nay naw.. nyimalay ba wa mhar aung myin mahu myar nae pyaw chwin par say lo ko gyi sutaung nay tal naw.. ma sone naing tae khin min mahu myar nae pot.....

Live is so short...
but kindness is so long
whatever it is and
however they are..
mykindness and love is
.... Forever....

(( KO GYI HAN ))

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။