Thursday, July 20, 2006

မေ့မရသော အခင်ဆုံးသူငယ်ချင်းတစ်ယောက်


ဖြိုးမင်းသူ

ဖြိုးကတော့ လင်းနဲ့ ၁၀တန်းကတည်းက သိပ်ကိုခင်ခဲ့တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါ။ သူ့ထူးခြားချက်က အရမ်းစာတော်လွန်းပါတယ်။ ကျောင်းစာနဲ့ပတ်သတ်ရင် အတန်းထဲမှာ သိပ်တော်လွန်းတဲ့အပြင် စာကိုတအားကြိုးစားပြီး အပြင်အကြောင်းအရာတော့ ဘာမှစိတ်မ၀င်စားပါဘူး။ မိန်းကလေးသူငယ်ချင်းဆိုလို့ လင်းတစ်ယောက်တည်းထားတော့ အားလုံးက အမြဲလိုက်နောက်တတ်ကြပါတယ်။ ဖြိုးက စာတစ်ခုတည်းတော်ရုံမက သူ့ပုံစံ ရုပ်ရည်ကလည်း သိပ်ကိုချောပါတယ်။ သူက အရပ်၅ပေ၁၀လက်မတောင်ရှိပြီး လင်းကတော့ ၅ပေ ၅တောင် မပြည့်တပြည့်ဆိုတော့ သူက အမြဲလင်းစိတ်မဆိုးဆိုးအောင် နောက်တတ်သူပါ။

ဖြိုးက လင်းကိုစာမကျက်ကျက်အောင် အမြဲကြိုးစားပေမယ့် လင်းကတော့ အမြဲတမ်း အလှပရေးရာနဲ့ အကပွဲတွေကြား ၊ သူငယ်ချင်းပေါင်းများစွာနဲ့အလုပ်ရှုပ်နေသူပါ။ လင်းကပွဲတွေလိုက်ပေးပြီး သင်္ချာတစ်ပုဒ်လောက် အရသာမရှိဘူးပြောလို့ လမ်းလယ်ခေါင်မှာ သူ့ကိုဆောင့်တွန်းခဲ့တာကံကောင်းလို့ ကားမတိုက်တဲ့နေ့လေးကိုတော့ အခုထိမှတ်မိနေဆဲပါ.. လင်းက သူ့ကို နိုင်လည်းနိုင်ချင် ၊ သူ့ထက်လည်း စာပိုတော်ချင်ပေမယ့် စာကြည့်ချိန်က သူတစ်ဝက်လောက်ပဲရှိတော့ မရခဲ့ပါဘူး ဟိးဟိး။ သူနဲ့လင်းက ရည်ရွယ်ချက်တူတဲ့အခင်ရဆုံးသူငယ်ချင်းတွေပါ.. အပြင်သွားတိုင်း သူ့ကို ကောင်မလေးအတော်များများငမ်းပေမယ့် သူ့ကိုကြည့်လို့ကြည့်မှန်းမသိ စာကလွဲ တစ်ခြားအကြောင်းအရာတွေကို မပါးနပ်လို့ လင်းက သူ့ကိုဆရာအမြဲလုပ်ပါတယ်… ကံတရားကဆန်းကြယ်လွန်းပါတယ်.. ၁၀တန်းမှာ ဂုဏ်ထူး၅လုံးပါတဲ့ ဖြိုးက စင်ကာပူမှာကျောင်းတက်ခွင့်မရဘဲ လင်းကတော့ ချောချောမောမောရောက်လာခဲ့တယ်… မင်္ဂလာဒုံလေဆိပ်က လိုက်ပို့တဲ့အဆောင်ကို မုန်းတယ်လို့ သူပြောတုန်းက မျက်ရည်ပါကျလုမတတ်ဖြစ်ခဲ့သေးတယ်.. နောက်ပိုင်း ကျောင်းဝင်ခွင့်ရအောင် ကြိုးစားပေမယ့် စကားပြောသိပ်နည်းလှတဲ့သူ့အတွက် စပီကင်မှာ အမြဲကွိုင်တက်နေပါတယ်.. လင်းလက်လို သာလိကာနဲ့ ပေါင်းပြီး စကားကိုလိုတာထက် ပိုမပြောတဲ့သူ့ကိုမြင်ရင် စိတ်ဆိုးပါတယ်..

အခုတော့ ဆေးကျောင်းတက်နေပြီး စင်ကာပူပိုလီတက်ခွင့်ရအောင် ကြိုးစားနေတဲ့ အခင်ရဆုံးသူငယ်ချင်းတစ်ယောက်ပါ… ခပ်လည်လည်ကောင်လေးတွေကိုမြင်ရင် ဖြိုးကိုအရမ်းသတိရပါတယ်.. သူကတော့ အခုထိ ပုံစံကသိပ်မပြောင်းသေးပါဘူးလို့ သူငယ်ချင်းတွေကပြောပါတယ်.. လင်းအသားအရည်က တစ်ယောက်တည်းရပ်နေရင် မဆိုးဘူးဆိုပေမယ့် ဖြိုးမင်းသူနဲ့ယှဉ်လိုက်ရင် ရုပ်ဆိုးသွားတာမို့ အပြင်ထွက်ရင် သူ့ကိုအမြဲလက်ရှည်အနိုင်ကျင့်ဝတ်ခိုင်းခဲ့ပါတယ် ဟိးဟိး.. ဖြိုးရေ ငါ့ကိုခွင့်လွှတ်ဟယ်.. အခုတော့ အဲဒါတွေပြန်တွေးရင်း အထက်တန်းကျောင်းတက်စဉ်နေ့၇က်တွေကို သိပ်သတိရတယ်..

အနွံတာခံတဲ့ အချစ်ဆုံးသူငယ်ချင်းဖြိုး ရည်ရွယ်ရာပန်းတိုင်ကို အမြန်ရောက်ပြီး ဘ၀မှာ အောင်မြင်မှုများစွာကို ပျော်၇ွှင်စွာဆွတ်ခူးနိုင်ပါစေ…။။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။