Saturday, July 15, 2006

နားလည်ပေးပါမေမေ ( from planet )

နားလည်ပေးပါမေမေ
အပြင်မှာ မိုးစက်မိုးပေါက်လေးတွေ ဖြေးညင်းစွာ ဆင်းသက်နေတယ်မေမေ။ အိမ်အရှေ့လမ်းကလေးပေါ်မှာ ခရေပန်းလေးတွေရဲ့ ရနံ့နဲ့အတူ လေပြေလေညှင်းလေးက တသွင်သွင်တိုက်ခတ်နေတယ်။ အရာအားလုံးက ပကတိကြည်လင်နေပေမယ့် ခရေရှိုက်သံလို့တင်စားခေါ်ရမယ့် ခံစားချက်တစ်ခု ဒီပန်းတွေကြားမှာ ဖြစ်ပေါ်နေတယ်။ အဲဒါတွေကို မေမေမြင်နိုင်မလား။ ရင်ထဲမှာ အမှတ်တရတွေသိပ်များလွန်းလို့ မဆန့်တော့တဲ့ရင်တစ်ခုလုံး စာသားလေးတွေအဖြစ် ပြောင်းလဲလိုက်တာတော့ မေမေနားလည်မှာပါ။ အရင်တစ်ချိန် ရိပ်သာလမ်းပေါ်ကခရေတောထဲမှာ သမီးအတွက်ခရေပန်းတွေ မေမေကောက်ပေးခဲ့ဖူးတယ်။ တန်ဖိုးမြင့်တဲ့နှင်းဆီအနီရဲရဲဆူးအပြည့်ကို လိုချင်ပါတယ်လို့ သမီးပူဆာတုန်းက အပြုံးမပျက် ဆူးမထိအောင် မေမေပေးခဲ့တယ်။ နှင်းဆီလိုရဲရင့်ပြီး စံပယ်လိုဖြူစင် ခရေလိုအမြဲမွှေးပျံ့နေရမယ်လို့ မေမေသင်ပေးခဲ့တာကို သမီးမမေ့ပါဘူး။ မကိုင်တတ်ရင် ဆူးနဲ့ထိမယ်နော်ဆိုတဲ့စကားအတိုင်း အခုတော့ ဆူးချက်တွေများနေခဲ့ပြီမေမေ။ မျက်ဝန်းတွေထဲ မေမေလောက် ဘယ်သူမှမလှဘူးလို့ပြောရင် လှောင်ရီလိုက်မှာလား။ ပြေပြစ်နေတဲ့နဖူး ၊ ရှည်လျားလွန်းတဲ့ဆံပင် ၊ မာနကြီးသယောင်ထင်ရတဲ့နှုတ်ခမ်း ၊ အညိုရောင်မေမေ့မျက်ဝန်း ၊ မေးစေ့က မှဲ့နက်နက်ကလေးတွေရယ်က မေမေကိုသိပ်လှစေခဲ့တယ်နော်။ မေမေ့အလှတစ်ဝက်တောင် သမီးမှာမရှိဘူးလို့ ခပ်ဆူဆူလေးပြောခဲ့တုန်းက မေမေကသဘောတကျရီခဲ့သေးတယ်။ အခုတော့ အဲဒီရီသံတွေပျောက်ဆုံးခဲ့တာကြာပြီနော်။ အိပ်မက်ဆိုးတစ်ခုလို့ပြောရမလား။ အခုထိအဲဒီအိပ်မက်ကို သမီးလက်မခံနိုင်သေးဘူးအမေရယ်။ အဲဒီအလင်းရောင်ပျောက်ဆုံးပြီးချိန်ကတည်းက ဂျစ်ကန်ကန် တဇွတ်ထိုး ထိန်းမ၇တဲ့မိန်းကလေး သမီးဖြစ်ခဲ့တာ အခုတော့ နောင်တတွေတစ်သီကြီးရနေခဲ့ပြီ။ မေမေရှိတုန်းက အပြုံးတွေနှုတ်ခမ်းမှာပွင့်ပြီး အမြဲပျော်နေတတ်တဲ့သမီးပုံရိပ်က အများအမြင်မှာ ဟန်ဆောင်ခြင်းသက်သက်ပဲရှိပါတော့တယ်။ မကြာသေးခင်အချိန်ကပေါ့မေမေ။ သမီးဘ၀ထဲ အလင်းတစ်ခုရောက်လာတယ်။ အမှောင်ဒေသမှာ ကြယ်မမြင် လမမြင်ဖြစ်နေတဲ့ သမီးနှလုံးသားထဲ သူဝင်လာခဲ့တယ်။ အချစ်ဆိုတာကို မတွေးနိုင် ၊ ကိုယ့်အပူနဲ့ပြည့်နှက်နေတဲ့ ဒီ၇င်ဘတ်ထဲ သူဝင်လာတာ သမီးသိလို့ ဝေးဝေးနေခဲ့ပေမယ့်……………..။။။။ မဖြစ်နိုင်တဲ့ဒီအဖြစ်အပျက်တွေထဲ ရင်ဘတ်ထဲကဒဏ်ရာတွေကို သူကသိပ်နားလည်လွန်းတယ်မေမေ။ လူတွေအများရှေ့ သိပ်ကိုပျော်တတ်တဲ့မိန်းကလေးတစ်ယောက်အဖြစ် အားလုံးမြင်နေပေမယ့် သူကသမီးရင်ကို ထွင်းဖောက်မြင်ခဲ့တယ်။ ခပ်သွက်သွက်ရီသံအဆုံးမှာ မျက်ရည်စိုတစ်ချို့အမြဲတွယ်ကပ်နေတာကို သူသိခဲ့တာ သမီးကိုယ်တိုင်အတော်အံ့သြခဲ့ရပါတယ်။ လိုချင်တာတွေအဆုံး လမ်းပြကြယ်တစ်ခုလို အမြဲရှေ့ဆောင်ပေးခဲ့တာ သမီးစိတ်တွေ အကောင်းဘက်ပြန်ဖြစ်ခဲ့ရတယ်။ သမီးရဲ့တစ်ဇွတ်ထိုးစိတ်တွေကို သူရင်ထဲက သံယောဇဉ်တွေနဲ့ စဉ်းစားချင့်ချိန်နိုင်စေခဲ့တယ်။ သမီးငိုချိန်တိုင်း ပြန်ရီနိုင်အောင်သူတစ်ယောက်တည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒီအလင်းရောင်ကို သမီးတွယ်တာလွန်းခဲ့တာ သူနားမလည်တော့ဘူးတဲ့လားမေမေရယ်။ တစ်ကယ်တော့ သူလုံးဝမမှားပါဘူးမေမေရယ်။ သမီးကိုယ်တိုင်က မဆင်မခြင် လုပ်ချင်တာစွတ်လုပ်ခဲ့တာကိုး။ တစ်နေ့မှာ သူ့ရင်ထဲ သမီးပျောက်ဆုံးသွားမှာ သိပါတယ်မေမေ။ အမြဲမကြောက်တတ်တဲ့သမီးစိတ်တွေက သိပ်ကြောက်တတ်နေခဲ့မိတယ်။ သမီးဘ၀မှာ ပထမအလင်းရောင်မေမေက ထာဝရပျောက်ဆုံးသွားခဲ့ပြီးပြီ။ ဒုတိယအလင်းရောင်ဖြစ်တဲ့သူလည်း မကြာခင်ခွဲရမယ်ဆိုရင် …………………။။။ သူ့၇င်ထဲ သမီးအတွက် ခွင့်လွှတ်နားလည်ချစ်ခြင်းတွေ အပြည့်ရှိခဲ့ပေမယ့် ……………………… တစ်ခါတစ်လေ စကားတစ်ခွန်းဟာ လွယ်မယောင်နဲ့သိပ်ခက်ခဲပါတယ်…….. ငယ်စဉ်ကတည်းက လိုချင်တာတစ်ခုကို ပိုင်ဆိုင်မလိုနဲ့ အမြဲလက်လွှတ်အလျှော့ပေးခဲ့ရတဲ့သမီး ဘာမဆိုအရှုံးပဲတွက်တတ်တော့တယ်..။ စိတ်ဓါတ်တော့ မကျပေမယ့် စိုး၇ိမ်မိနေတယ်…. ဘယ်လိုအဖြစ်တွေနဲ့ကြုံကြုံ နေတတ်ခဲ့ပြီဆိုတဲ့သမီး ဘာကြောင့် အခုတစ်ကြိမ် ဒီလိုဖြစ်နေရတာလည်း…………………. ကောင်းကင်မှာ ငှက်ကလေးတွေပျံသန်းနေတယ်.. သူတို့မှာ အိမ်ပြန်ချိန်ဆိုတာကို ရည်စူးပြီး ပျံသန်းနေကြတယ်.. တောင်ပံပါတဲ့ငှက်ကလေးတွေရဲ့ရင်ထဲ ခဏလောက် သမီးဝင်နေကြည့်လိုက်ချင်တယ်……….. လူတိုင်းမှာ ရှင်သန်ခြင်းတစ်သက်မှာ ရည်ရွယ်ချက်တစ်ခုတော့ရှိကြပါတယ်………………….. သမီးနဲ့မေမေ ငယ်စဉ်ကတည်းက ရည်ရွယ်ထားခဲ့တာတစ်ခုကို သမီးဘယ်တော့မှမမေ့ပါဘူး… ရည်ရွယ်ရာပန်းတိုင်တစ်ခုကို ရောက်အပြီးချိန်မှာ ပုဂံမှာဘုရားတစ်ဆူတော့တည်ချင်တယ်ဆိုတဲ့ မေမေနောက်ဆုံးစကားတွေကို ညတိုင်းသမီးကြားယောင်နေဆဲပါ…….. ဒီရည်ရွယ်ချက်တစ်ခုက အအေးမြဆုံးဆိုတာ သမီးသိလိုက်ရပါပြီ…. ဒီတစ်ခုပဲသမီးရင်ထဲထားရှိတော့မယ်မေမေ…………………… သမီးဘ၀ထဲ ၀င်လာတဲ့အလင်းရောင်ကိုလည်း သမီးလက်လျှော့ဖို့ ကြိုးစားတော့မယ်…………….. ဒါပေမယ့်မေမေ ပူလောင်လွန်းတဲ့ အသိုင်းဝိုင်းလက်ထဲမှာ သမီးကိုတော့ အမိန့်တွေမသတ်မှတ်ပါနဲ့…………… ၀ဋ်ကြွေးလို့ပဲသတ်မှတ်၇င်း တောင်စဉ်ရေမရေ၇းနေတဲ့စာတွေကို မေမေမြင်နိုင်ပါစေ.. တစ်သက်မှာတစ်ခါ တစ်ခွန်းတော့ သမီးကိုပြောခွင့်ပေးလိုက်ပါ……………… သမီး သူ့ကိုသိပ်ချစ်ပါတယ်.. လူတွေလှောင်ကြပါစေ………… ရီကြပါစေ……….. ကဲ့ရဲ့ကြပါစေ………….. ပြောချင်တာပြောကြပါစေ………… သမီး သူ့ကိုသိပ်ချစ်ပါတယ်မေမေရယ်………………………. သူကြားနိုင်အောင် သမီးအော်လိုက်ချင်ပါတယ်.. ဒါပေမယ့် အိပ်မက်တစ်ခုက ဘယ်အချိန်လန့်နိုးမှာလည်း သမီးသိနေပါတယ်…………… ပန်းခရေလမ်းထဲ ခရေရှိုက်သံတွေ တိုးတိတ်စွာထွက်ပေါ်နေဆဲပါ……………….. လင်းလက်ကြယ်စင် ( ဂျူးဂျူး )

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။