Saturday, July 29, 2006

Thanks A Million

]စာဖတ်သူကို ဒုက္ခရောက်အောင် လုပ်မယ့်တစ်ကိုယ်ကောင်းဆန်သူ}ဆိုတဲ့စကားတစ်ခွန်းကြောင့် လင်းလက်စိတ်ဓါတ်အရမ်းကျမိသွားတယ်။

ပင်ကိုယ်စိတ်ရင်းခံက sensitive ဖြစ်တော့ စကားပြောမှားသွားတယ်။ ဝေဖန်ရေးပုံစံမျိုးမဟုတ်ဘဲ အမိန့်ပေးသံမျိုးကြောင့် လင်းလည်း စိတ်တစ်ချက်လွတ်သွားမိတယ်။

စိတ်ဆိုးဆိုးနဲ့ ဘယ်တော့မှငါသိပ်ချစ်တဲ့စာပေတဲ့ ဆက်မရေးတော့ဘူး။ ပတ်သတ်သမျှအားလုံး ဘာမှဆက်မလုပ်တော့ဘူး ပြောခဲ့မိတယ်။ အတွေ့အကြုံနည်းတာလည်း ပါမှာပါ။ ဝေဖန်ရေးတွေချည်း ခံခဲ့ဖူးပေမယ့် တိုက်ခိုက်မှုတွေကို လင်းလက် မကြုံဖူးသေးဘူးလေ။ အရှုံးထဲက အမြတ်လို့ဆိုရမလား။ လင်းလက်စာမရေးတော့ဘူးစကားကြောင့် လင်းလက်ထားရှိသော ယုံကြည်ချက် ၊ ခံယူချက်တွေမပျောက်ပျက်အောင် တစ်ဖက်တစ်လမ်းက အားပေးစကားပြောခဲ့ကြသော မောင်နှမများနဲ့ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိမိပါတယ်. သူတို့စကားများကြောင့် လင်းထားခဲ့တဲ့ ခံယူချက်တွေကို ပြန်လည်သုံးသပ်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုးတက်ခဲ့တယ်။

အားလုံး အားလုံး လင်း ဒီလမ်းကိုဆက်လက်လျှောက်လှမ်းသွားမှာပါ။ လင်း နောက်မဆုတ်တော့ပါဘူး။ လွဲမှားသွားသော အယူအဆတစ်ခုကို လမ်းမှန်ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ လင်းကိုချစ်သော စာဖတ်သူများအားလုံးနဲ့ လင်းဘေးက အမြဲရပ်တည်ပေးခဲ့သော မောင်နှမများအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်..။

အခက်ခဲတွေအားလုံးကို အခုလိုပုံစံနဲ့လင်းမကျော်လွှားဖို့ဆုံးဖြတ်လိုက်ပြီ။ လင်းရင်ထဲမှာ မျက်ရည်တွေပါလည်အောင်ခံစားရပါတယ်။

ကိုယ်ယုံကြည်သော လမ်းတစ်ခုကို ဆက်လက်လျှောက်လှမ်းသွားမှာပါ။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။