Sunday, November 12, 2006

ခွင့်လွှတ်ခြင်းဆိုသည်မှာ…

ကနေဒါကမမပြောသွားတဲ့စကားတစ်ခွန်းကို ပြန်ပြောဖို့အချိန်မရခဲ့တာနဲ့ အခုမှ ဆွေးနွေးပါတော့မယ်။

သူပြောတာက ` လူရယ်လို့ဖြစ်လာရင် နိုင်ငံရေးလည်း အရေးမကြီးပါဘူး။ စီးပွားရေးလည်း မလိုပါဘူး။ သေတတ်ဖို့နဲ့ ဘုရားသခင်အလိုကျအတိုင်းပါပဲ´တဲ့။ ကျမကို ဘာသာမဲ့နေလားလို့ ပြောခဲ့တုန်းက ကျမ ပြန်မဖြေခဲ့တာ မဖြေချင်လို့ပါ။ လင်းလက် ဘယ်ဘာသာကိုးကွယ်လည်းတဲ့။ ဟုတ်ကဲ့ ကျမ ဒိတ်ထိပါ။ ဘုန်းကြီးကျောင်းလည်း သွားပါတယ်။ ဘုရားကျောင်းလည်း တခါတလေ သွားပါတယ်။ ဗလီတော့ ဘယ်သူမှ မခေါ်လို့မတက်ဖူးသေးပါဘူး။ ဘာသာရေးဆိုတာ မိမိ အလိုကျတိုင်း ကိုးကွယ်ဖို့ပါပဲ။ ကျမက ဘာသာရေးတိုက်ပွဲဆင်နွှဲနေသူမဟုတ်တဲ့အတွက် ဘာသာရေးဆိုရင် လုံးဝမဆွေးနွေးတာ ဆောရီးပါ။ ကျမက FREEDOM အတွက်ပဲ စိတ်ထားရှိတာပါ။ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကွယ် နေရာတိုင်းမှာ ဘာသာရေးအတိုင်း အားလုံးကို ခွင့်လွှတ်လို့မရဘူးလေ ကနေဒါက မမရယ်။ ကိုယ့်ပစ္စည်းခိုးလို့ ခွင့်လွှတ်လို့ရပါတယ်။ ကိုယ့်ကို ချောင်းရိုက်လို့ သည်းခံမှုနဲ့ ခွင့်လွှတ်လို့ရပါတယ်။ တတိုင်းပြည်လုံးကို ငတ်အောင် လုပ်နေတဲ့ ၁၈နှစ်ကျော် ယုတ်မာနေခဲ့တဲ့ အာဏာရှင်တွေကို မမက ခွင့်လွှတ်ချင်လွှတ်ပါ။ ကျမတို့တော့ အဲဒီလို စိတ်မျိုး မထားနိုင်သေးပါဘူးရှင်။ ကျမ အမုန်းဆုံးက တစ်ဖက်တည်းကနေ ကြည့်သော သူမျိုးပါပဲ။ တကယ်လို့များ မိတ်ဆွေ သင်က မြန်မာပြည်မှာ စားစရာမရှိ ၊ စစ်တပ်နှိပ်စက်ညှဉ်းပန်းမှုတွေခံယူနေရပြီး မတရားမှုတွေအောက် လူဖြစ်နေရရင် `ခွင့်လွှတ်ပါတယ် သန်းရွှေလေးရယ်´ လို့ အော်နိုင်ပါ့မလားဟင်။ ခွင့်လွှတ်တယ်ဆိုတာ အတိုင်းအတာတစ်ခုပဲရှိပါတယ်။ နောက်ပြီး သေတတ်ဖို့ပဲ လိုပါတယ်လို့ လာပြောတော့ ရီချင်ပါတယ်။ အဲဒီစကားက ဘဘသန်းရွှေတို့ကိုသွားဟောပေးပါ။ ကျမတို့က ခရစ်တော်မှာ အိပ်ပျော်ရမယ့်အချိန် မရောက်သေးသလို အလ္လာရဲ့အမိန့်တော်လည်း ခံယူချိန်မရောက်သေးသလို မကွယ်လွန်သေးပါဘူးရှင်။

မှတ်ချက်။ ကျမ မည်သည့်ဘာသာကိုမှ ဘာမှမပြောပါ။ ယခုပို့စ်မှာ ဘာသာရေးနှင့်လာရှင်းနေသော သူများကို တိုက်ရိုက် ပြောခြင်းပါ။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။