Wednesday, January 03, 2007

နှစ်သစ်မှသည်တိုက်ပွဲဆီသို့…….




နေပူရှိန်က တစ်နိုင်ငံလုံးကို ပြင်းပျစွာပူလောင်နေသည်။ ရင်ထဲမှာ တစိမ့်စိမ့်ဖြင့် မနက်ဖြန်ဆိုသောအရာကို စဉ်းစားနေမိတာ နာကျင်စွာသက်ပြင်းတစ်ချက် သံရှည်တစ်ခုဖြင့်အဆုံးသတ်သွားသည်။
မနက်ဖြန်ဆိုတာ လွတ်လပ်ရေးနေ့တဲ့လား။ ဘာကိုလွတ်လပ်တာပါလိမ့်။ မရှင်းလို့မေးရင် ဘယ်သူကများ ဖြေကြားပေးမှာပါလိမ့်။
လွတ်လပ်ရေးနေ့ဆိုသော နေ့ရက်တစ်ခုအောက်မှာ အားလုံးက မတရားမှုနဲ့ ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေတာတွေကို ဘယ်လိုများရှေ့ဆက်ရမှာပါလိမ့်။
အာဏာရှင်လှည့်ကွက်များကြား ဒီမိုကရေစီလိုချင်သူများ မျက်လှည့်ခံရသလို မပါသွားအောင် ဘယ်သူတွေကများ ဦးဆောင်မှာပါလည်း။
ဆေးဝါးကုသမှုခံယူနေရသော မကောင်းဆိုးဝါးသက်တမ်းကရော ဘယ်လောက်ထိရှည်နေအုန်းမှာလည်း။
အချိန်ရထားဘူတာကြီးက လူတွေသက်တမ်းကို ၀ါးမြိုနေသလို တို့တွေလုပ်ဆောင်ရမယ့် အနာဂတ် ခရီးလမ်းမှာရော အန္တရာယ်အသွယ်သွယ်တွေ ဘယ်လိုများလာအုန်းမှာပါလိမ့်။
နှစ်သစ်လေးတစ်ခုက ရင်ထဲကို ဖြတ်သန်းသွားချိန်မှာ လူတွေစိတ်ကူးအသစ်တွေ ၊ အကြံအသစ်တွေနဲ့ အာဏာရှင်ကို ရအောင်တွန်းလှန်ဖို့ ရင်ထဲမှာကိန်းအောင်းကြရပေမည်။
နှစ်သစ်မှသည်တိုက်ပွဲဆီသို့…….
တနှစ်ပြီးတနှစ်
ဒီနှစ်သစ်မှာ
ဆုတောင်းအဟောင်းတွေ
မတောင်းချင်တော့ဘူး။
တနှစ်ပြီးတနှစ်
ဒီနှစ်သစ်မှာ
စိတ်ကူးတွေတောင်
မယဉ်ချင်တော့ဘူး။
တနှစ်ပြီးတနှစ်
ဒီနှစ်သစ်မှာ
အိပ်မက်ရှည်အောင်
မမက်ချင်တော့ဘူး။
စိတ်သစ်လူသစ်
ဒီနှစ်သစ်မှာ
အတွေးအခေါ်သစ်
အကြံသစ်နှင့်
တိုက်ပွဲအသစ်တွေ ဖွင့်ချင်ပါတယ်
အစလည်းကောင်းနောင်လည်းကောင်း
အကျွန့်ဆုတောင်းပြည့်စေကြောင်း။
(၂၀၀၇ နှစ်သစ်မှာတိုက်ပွဲအသစ်တို့ဖွင့်နိုင်ပါစေ)
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ကိုရီးယား။



0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။