Monday, March 05, 2007

စစ်မှန်သောဒီမိုကရေစီစနစ်ကိုမသိသေးဘူးတဲ့လား


နအဖဘက်ကနေ ရသလောက်ကပ်ပြီး မရရအောင်ပြောပေးရှာတဲ့ ဘက်တော်သားလေးတွေကို သနားမိပါတယ် ..။ အရင်စိတ်နဲ့ဆို ပြန်အော်မိမှာပါ … ။ အခုတော့ ဒါတွေကို ရီနိုင်ခဲ့ပါပြီ .. ။ ဒေါ်စုပြောခဲ့ပါတယ် “စားပွဲဝိုင်းမှာ နှစ်ဦးနှစ်ဖက် သေချာဆွေးနွေးရင်း တိုင်းပြည်အတွက်အသင့်လျော်ဆုံးကို စဉ်းစားရင်း ခေါင်းဆောင်ကောင်းကို ညီမျှစွာဆုံးဖြတ်ရမှာပါ” … ။ သိပ်မှန်ပါတယ် .. ။ အခုက ဘာနဲ့တူလည်းဆိုတော့ တစ်ဖက်က စားပွဲဝိုင်းကို စည်းကမ်းကျနစွာ ၀င်ထိုင်ပေမယ့် တစ်ဖက်နအဖဘက်က တောင်စဉ်ရေရာမရ ပေါက်တတ်ကရ လျှောက်ပြောနေမှတော့ ဘယ်လိုလုပ်ပြီးဆုံးတော့မှာလည်း .. ။ အဲဒီအတွက် စကားပြောရာမှာ ၊ အချက်လက်နဲ့ နှစ်ဦးနှစ်ဖက် ယှဉ်ပြိုင်တိုက်ခိုက်တဲ့အရာမှာ ကလေးကစားစရာအကြောင်းလာပြောနေသူတွေကို ကျမခွန်းတုံ့ပြန်ခြင်းမရှိပါ … ။

အာပေါက်အောင်ပြောခဲ့တဲ့ အကြောင်းကို နားမလည်သေးတဲ့ စီဗောက်စ်က အကိုတွေလား မောင်လေးတွေလား ဘယ်အရွယ်တွေမှန်းမသိ ၊ နာမည်မသိ ၊ ဘာမှမသိဘဲ ချုံပုတ်ထဲကလက်သီးဆုပ်ပြနေတဲ့ ကိုယ်တော်ချောတွေကို ထပ်ပြောလိုက်ပါ့မယ်။

ဒီမိုကရေစီအတွက် အသက်သွေးတွေ ၊ အချိန်တွေ ၊ ပေးဆပ်မှုတွေပေးပြီး တိုက်ယူနေတာ အိမ်ရှေ့လမ်းမပေါ်မှာ အတွင်းခံထွက်လှမ်းဖို့အတွက်မဟုတ်ပါဘူး။ သင်္ကြန်မှာ ဗြောက်အိုးဖောက်ဖို့လည်း မဟုတ်ပါဘူး ။ အဲဒီလို တောင်မရောက် မြောက်မရောက် အကျိုးမရှိတဲ့ အပေါစားဆန်တဲ့ ၊ လမ်းဘေးဆန်တဲ့ စကားတွေကို နအဖ ဘက်တော်သားတွေပြောလွန်းလို့လည်း ကျမက နအဖဘက်ကလူဆို ၁%တောင် သနားလို့ အထင်ကြီးလို့မရခဲ့တာ အရင်ကတည်းကနေ အခုချိန်ထိပါပဲ… ။

လူသားချင်းညီမျှတဲ့ အခွင့်အရေး ၊ လွတ်လပ်စွာပြောပိုင်ခွင့် ၊ မျှတသော ဥပဒေတွေအပါအ၀င် စည်းကမ်းညီညွတ်တဲ့ ဒီမိုကရေစီကို ဗီုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းကနေ မျက်လုံးကောင်းသေးရင် ပြန်ဖတ်လိုက်ပါအုံးရှင်။

ဗိုလ်ချုပ်ပြောခဲ့သောဒီမိုကရေစီဝါဒ

ဘိုးတော်ဘုရားခေတ်ကလို ကနွဲ့ကလျ ၊ လေးချိုးသံများနှင့် နအဖယုတ်မာခြင်းတွေ ၊ ဘက်တော်သားတွေ အဆင့်မရှိတာတွေကို ကျမ မပြောတတ်ပါ … ။ နှုတ်ကြမ်းတယ်ဟု ဆိုခဲ့လျင်လည်း ကျမ ဘာမှမပြောလိုပါ ..။ သူ့နေရာနဲ့ထိုက်တန်သော ၊ နားထဲပြင်းပြင်းဝင်သွားနိုင်သော ခေတ်သစ်စကားများသာ ကျမသုံးတတ်ပါသည်။

2 comments:

Yan said...

ဗိုလ်ချုပ်မိန့်ခွန်းများစာအုပ် မလင်းလက်မှာရှိလား. မလင်းလက်က ဗိုလ်ချုပ်ရဲ့စကားတွေကို တော်တော်လက်လှမ်းမှီနေလို့ပါ။ Post အသစ်လေးတွေ ဆက်ရေးပါဗျာ။ အမြဲအားပေးနေပါတယ်. Cbox မရှိတော့တာ နွေးထွေးမှုလေးတစ်ခု ပျောက်သွားသလိုပဲ။ မရေးစေချင်တဲ့ IP ကို Ban ထားပြီး Cbox ပြန်တင်လိုက်ပါလား။ ခင်လို့အကြံပေးကြည့်တာပါဗျာ။

Anonymous said...

ကိုရန်အောင်

ကျမမှာ ကိုယ်ပိုင်တော့ မရှိပါဘူး .. ကျမကိုချစ်ခင်တဲ့ မိတ်ဆွေရင်းတွေ ၊ အဖွဲ့သားတွေစီက ငှားဖတ်လေ့ ရှိပါတယ် .. လိုက်ပြီးမေးလိုက် ၊ ရရင် ကျမကြိုက်တဲ့စာတွေဆို ကူးထားလိုက်ပါတယ် ....... ဒီလိုနဲ့ပဲ သိအောင်လုပ်နေရတာပါရှင် ... စီဗောက်စ်မဖြုတ်ထားးပါဘူး .. အခုလိုမျိုး လာလာ အားပေးတာ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ် .. ပြောစရာ ၊ ဝေဖန်စရာ အားမနာ တမ်းပြောပါ.. အမြဲတမ်း ဒီဘက်ပိုင်းမှာလည်း မလျော့မနည်းရှိနေသွားမှာပါ.. ကောင်းသောနေ့ဖြစ်ပါစေရှင်..

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။