Tuesday, May 08, 2007

ကျမကိုယ်ကျမမုန်းသောအချက်များ


၁) ပထမဆုံးအချက်က မိဘဖြစ်စေချင်တာနဲ့ ကျမဖြစ်ချင်တာ အမြဲမတူညီတဲ့အတွက် လူဖြစ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိပါသည်။

၂) ရွေးချယ်မှု ၂ခုကြားမှာ လွန်ဆွဲနေတတ်သော ကျမစိတ်ကျမ မုန်းမိပါသည်။

၃) အားနာတတ်သော ကျမစိတ်ကို ကျမ မုန်းမိပါသည်။

၎) ကိုယ်ချင်းစာငဲ့ညှာပြီး နောက်ဆုတ်ပေးတတ်သော ကျမနှလုံးသားအား ကျမမုန်းမိပါသည်။

၅) ပတ်ဝန်းကျင် အသိုင်းဝိုင်းကို တစ်ခါတစ်လေ ဂရုစိုက်ပြီး မလိုအပ်တာကို သတိပြုမိသော ကျမနားတွေအား ကျမ မုန်းမိပါသည်။

၆) ကူညီတတ် ဒုက္ခမကြာခဏရောက်ရသော ကိုယ့်ကိုယ်ကိုယ် မုန်းပါသည်။

၇) အကောင်းဆုံးထက်ပိုကောင်းသော ၊ အလိုလိုက်နားလည်ဖြည့်ဆည်းပေးတတ်သော ချစ်သူကို မကြာခဏ စိတ်ဒုက္ခပေးမိတဲ့အတွက် ကျမကိုယ်ကျမ အလွန်မုန်းပါသည်။

၈) ရှင်းပြချက်မထုတ်ချင်သော ကျမအကျင့်အား ကျမမုန်းပါသည်။

၉) မရည်ရွယ်ဘဲ မှားတတ်သော ကျမအပြုအမူများအား ကျမ မုန်းမိပါသည်။

၁၀) စကားတွေအပိုပြောပြီး လူတွေအကြိုက် လိုက်မပြောတတ်သော ကျမအကျင့်အား ကျမ မုန်းပါသည်။




6 comments:

MELODYMAUNG said...

Hi sis,

ကိုယ့်ကိုယ်ကိုယ် မုန်းတတ်တာပင်ပန်းမှာပဲ။

Nomatter what, I really love your habits and mind you mentioned.

Anonymous said...

လင်းလက် ပေါက်ကွဲနေပါလား။ စိတ်လျှော့ပါ၊ အစစအရာရာ အဆင်ပြေပါစေ။

Thet Htoo@Myat Lone said...

ညီမလင်းလက်။ ကိုယ့်လုပ်ရပ်တွေဟာ စေတနာဆိုးနဲ့ တမင် လုပ်တာမျိုးမဟုတ်ရင် ကိုယ့်ကိုကိုယ် ဘာလို့မုန်းနေတော့မှာလဲ နော်။

Anonymous said...

lin chit sone lay
no need to hate ur self. miss u heaps

Anonymous said...

အမုန်းဆိုတာ သူများကို မုန်းတာပဲ ဖြစ်၂ ၊ ကိုယ့်ဘာသာ မုန်းတာပဲ ဖြစ်၂ အရမ်းပင်ပန်းပါတယ် ။ အမလည်း လင်းလက်လို ခံစားချက် လင်းလက်အရွယ်တုန်းက ရှိခဲ့တယ် ။ လျှော့ချလိုက်ပါ ညီမ

Mintasay said...

It's like modern art.Great.....

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။