Saturday, August 25, 2007

ခြင်္သေ့ကျွန်းမှ ခြေလှမ်းများ



လေးစားရပါသော စင်္ကာပူရောက် ရွှေမြန်မာများ
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော ဆီဈေးတက်မှု အခက်ခဲကျပ်တည်းမှုများကြောင့် မြန်မာပြည်သူလူထုက ရန်ကုန်တွင် ဆန္ဒပြနေကြပါသည်။
ထိုပြည်သူလူထုကို ယုတ်မာရိုင်းစိုင်းသော စစ်အာဏာရှင်အစိုးရ လက်ပါးစေများက ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခြင်း ၊ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာပျက်သလို ဖြစ်နေရသော ကြမ်းကြုတ်မှုများကို ဥပဒေမဲ့စွာ ခံနေရသော မြန်မာပြည်သူလူထုအား ကိုယ်ချင်းစာ ထောက်ခံသောအားဖြင့် စင်္ကာပူရောက် ရွှေမြန်မာများက လမ်းလျှောက်ခြင်းဖြင့် ထောက်ခံအားပေးမှုများ ပြုလုပ်သင့်ပါသည်။
စင်္ကာပူ ဥပဒေအရ ၅ယောက်ထက် လူပိုစုမရပါ .. ။ ထိုဥပဒေကို မငြိစွန်းစေရန်အတွက် ရွှေမြန်မာများမှ အကျီအဖြူရောင် အားလုံး ဆင်တူဝတ်ဆင်ထားကြပြီး ၄ယောက်တစ်ဖွဲ့စီ ခွဲလျှောက်ကြမည် .. ။ Orchard Road MRT မှတစ်ဆင့် City Hall အထိ လမ်းလျှောက်ကြမည် .. ။
စနေနေ့ ( ၂၅ ၊ ၀၈ ၊ ၂၀၀ရ ) မနက် ၁၀နာရီတိတိတွင် Orchard MRT နားမှ စပြီး လျှောက်ကြမည်။ မနက် ၉နာရီ ၄၅မိနစ်တိတိတွင် Orchard MRT သို့အရောက်လာပေးကြပါရန် မေတ္တာရပ်ခံပါသည် .. ။ Orchard MRT ၊ Control Station အနားတွင် လမ်းလျှောက်မည့် အဖွဲ့ဝင်များ စုရပ်နေကြမည် .. ။ ထိုလူများမှ အဖွဲ့ဝင်များခွဲပြီး လျှောက်ကြမည်။
လိုက်ပါမည့်သူများ အကျီအဖြူရောင်ဝတ်ဆင်ထားပေးပါရန် နှိုးဆော်ပါသည်။
မြန်မာပြည်ရှိအခက်ခဲအကျပ်အတည်းများ လွတ်မြောက်ရေးအတွက် အားပေးထောက်ခံသူများ

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။