Friday, September 28, 2007

သွေးမြေမကျစေချင်ပါ



မြန်မာပြည်ရှိအခြေအနေတွေအားလုံး ရုတ်တရက် မထင်မှတ်ဘဲ ပေါက်ကွဲမှုတွေ ဖြစ်သွားချိန်မှာ ကျွန်မကလည်း ကံဆိုးစွာ စင်္ကာပူရှိရဲတွေက ကျွန်မအိမ်ကို လာပြီး ကျွန်မသုံးတဲ့ ကွန်ပြူတာ ၊ ကော်နက်ရှင်ကြိုးတွေ ၊ စီဒီတွေကအစ အားလုံးကို လာသိမ်းသွားပါတယ် .. ။ ဘာလို့သိမ်းသွားလဲဆိုတော့ စင်္ကာပူမှာ လမ်းလျှောက်ပွဲလုပ်တာ ကျွန်မက သတင်းဖြန့်ဝေသူဖြစ်နေလို့ပါပဲ . .. ။ အခုထိ ကျွန်မ ကွန်ပြူတာကို လာမပေးသေးတဲ့အတွက် ကျွန်မ ရေးချင်တာ မရေးရ ၊ ဖတ်ချင်တာ စိတ်ကြိုက် မဖတ်ရနဲ့ တနုံ့နုံ့ဖြစ်နေရတာပါ .. ။ နိုင်ရာလေးတွေ လုပ်ပေးရင်း ရသလိုတော့ ကြိုးစားရေးနေဆဲပါပဲ .. ။

သွေးစွန်းနေတဲ့ ဒီပုံတွေ ၊ သတင်းတွေ ဖတ်ရင်း ရင်ထဲမှာ ဒေါသ တနုံ့နုံ့ဖြစ်လွန်းလို့ ဘာစာမှ ရေးမထွက်တော့ပါဘူး … ။

နောက်မဆုတ်သေးတဲ့ အာဏာရှင်နဲ့ လက်ပါးစေတွေအားလုံးက ၈၈အရေးအခင်းလိုတော့ အာလူး လုပ်လို့ မရတော့တာတော့ အမှန်ပါပဲ .. ။

ဂျပန်တစ်ဦးသေသွားတဲ့အတွက်တော့ ဂျပန်က မြန်မာပြည်ကို ပိုပြီး ဖိအားပေး ၊ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ဖို့တော့ အဆိုးထဲက အကောင်းအဖြစ် မျှော်လင့်မိပါတယ် .. ။

စစ်တပ်နဲ့ပြည်သူ

အတူတူလက်တွဲလို့

လမ်းမှန်သစ်ပန်းတိုင်ဆီ

ချီတက်ကြပါစို့ … ။

3 comments:

Anonymous said...

Oh dear.. I'm sorry you don't have your computers. Hopefully this case against you will be nothing. I actually tried to warn the people walking that this was illegal in Singapore (you know they don't play around either).
:( hope everything gets resolved son.

Anonymous said...

Please pass this on.

Gather up lots of food in the coming days and organize everyone not to go to work (that means everyone). Tell the protest leaders.

Anonymous said...

စင်ကာပူရဲ့ အာဏာရှင် စနစ်ကို ကြည့်မရျာ ကြာပြီ။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။