Tuesday, September 25, 2007

လက်လှမ်းမှီရာကူညီပါ



မြန်မာပြည်သူလူထုအပေါင်းမျှော်လင့်ထားတဲ့ ပန်းတိုင်ခရီးလမ်းပေါ်ကို အခုအချိန်မှာ ခြေလှမ်းတွေ စရောက်နေပြီဖြစ်တဲ့အတွက် အားလုံးတတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ နှိုးဆော်ချင်ပါတယ်ရှင်။

ပြည်ပရောက်မြန်မာများက အလှူငွေထည့်ဝင်ခြင်းဖြင့် ကူညီနိုင်ကြသလို ပြည်တွင်းရှိ မြန်မာများကတော့ ကိုယ်တိုင်ပါဝင်အားပေးခြင်းဖြင့် ကျွန်မတို့ပြည်သူလူထုအားလုံးလက်တွဲပြီး ပန်းတိုင်ကို လျှောက်လှမ်းကြရပါ့မယ်။

စင်္ကာပူရောက်မြန်မာများ ပန်နီဆူးလားပလာဇာရှိ လမ်းပြကြယ်စာကြည့်တိုက်မှာ အလှူငွေထည့်ဝင်နိုင်ပါတယ် .. ။ လမ်းပြကြယ်စာကြည့်တိုက်က ဗုဒ္ဓဟူးနေ့ညနေ ၊ စနေနှင့် တနင်္ဂနွေတွေမှာ ဖွင့်ပါတယ် .. ။

တိုက်တိုက်ဆိုင်ဆိုင် အရေးတော်ပုံထဖြစ်တဲ့အချိန်မှ ပြဿနာတက်ပြီး အကျယ်ချူပ်နီးပါး ဖြစ်နေတဲ့ ကိုယ့်ဘ၀ကိုယ် ဒေါသဖြစ်ပြီး ကျွန်မတော့ ညတိုင်းမေတ္တာပို့ပြီး ဆုတောင်းပေးနေလျက်ပါ.. ။

ဒီမိုကရေစီပန်းတိုင်ဆီ အမြန်ဆုံးရောက်ရမည်။

1 comments:

Anonymous said...

No. Now Lan Pya Kyal opens everyday to collect donation.

Thanks.
khayayphyu

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။