Tuesday, October 02, 2007

ကျွန်မနှင့် လွတ်လပ်ခြင်းမဲ့သောခြင်္သေ့ကျွန်း(၂)



ကျွန်မ ကွန်ပြူတာအသိမ်းခံရပြီးနောက်ရက်မှာပဲ ကျွန်မ စာရေးနေကျအလုပ်တွေ ၊ ဖတ်နေကျ သတင်းတွေ ၊ စာအုပ်တွေအားလုံးနဲ့ အရင်လို ပုံမှန်အတိုင်း မလုပ်နိုင်တော့ဘဲ ကျွန်မရင်ထဲ လစ်ဟာခြင်းများစွာ ဖြစ်ပေါ်ခဲ့ရပါတယ် … ။


ရဲက ကိုင်ပြီဆိုမှ ကျွန်မ မျက်လုံးထဲ ဘုရားသွားတမိတာက ကျွန်မ မိဘတွေအတွက်ပါ .. ။ မိဘတွေကို ကျွန်မ သနားကိုယ်ချင်းစာမိတယ်။ သူတို့မှာ အခုကိစ္စအားလုံးကို အသေးစိပ်တောင် မသိကြပါဘူး .. ။ ကျွန်မက ရဲတွေနဲ့ ခဏခဏ အမေးမြန်းခံနေရတာ မလန့်ရဘဲ ကျွန်မမိဘတွေကို စိုးရိမ်လန့်ရတာနဲ့တင် လူလည်း တော်တော်လေး စိတ်ပိန်နေရတယ် ။

ကျွန်မလည်း မိဘတွေ မသိအောင် ဖုံးဖိရတာ တအားပင်ပန်းပါတယ် .. ။ ကျွန်မ ခေါင်းထဲမှာ အဖေများသိရင် ၊ အမေများသိရင်ဆိုတဲ့ အတွေးနဲ့ ခေါင်းကိုက်မိတယ် .. ။ သူတို့က အများကောင်းကျိုးလုပ်တာကိုတော့ မကန့်ကွက်ပါဘူး .. ။ ဒါပေမယ့် အချစ်လွန်တော့ အစိုးရိမ်ပိုတတ်တာကို ကျွန်မ သဘောပေါက်တာကြောင့်ပါ။





စက်တင်ဘာ ၂၈ ရက်

ကျွန်မ အိမ်ကိုပြန်နေချိန်မှာ အမည်မသိဖုန်းကောတစ်ခု ၀င်လာပါတယ် .. ။ ကျွန်မ ဖုန်းကိုင်လိုက်ချိန်မှာ ကျွန်မနာမည်ကိုတန်းပြောပြီး ကျွန်မနဲ့ police officer တွေက စကားပြောစရာရှိတယ်ဆိုပြီး ၂၉ရက်နေ့ မနက်၁၀နာရီခွဲကို အေ၇ာက်လာခိုင်းပါတယ် .. ။ သူတို့ကျွန်မကိုဖုန်းခေါ်တာက ၂၈ရက် ညပါ .. ။ ၂၉ရက်နေ့ မနက်ခင်း ချက်ချင်းလာတွေ့ခိုင်းတယ်ဆိုတော့ တမျိုးတော့ တမျိုးပဲ .. ။ နည်းနည်း အာဏာပိုင်လို မဖြစ်နေဘူးလား ။

ချိန်းထားတဲ့အချိန်ကို ၁နာရီလောက် နောက်ဆုတ်ပြန်ချိန်းပြီး ကျွန်မ တန်ဂလင်းရဲဌာနချုပ်အဟောင်းကို သွားရှာရပါတယ် .. ။ ဂိတ်ဝကြီးက ပိတ်ထားပြီး အဆောက်အအုံကြီးက လူနေတဲ့ ပုံစံမျိုးမထွက်တော့ သရဲခြောက်တဲ့အိမ်ကြီးများလား တွေးခဲ့မိသေးတယ် .. ။ ကျွန်မလည်း သူတို့ကို ဆက်သွယ်ရမယ့် ဖုန်းနာပါတ်ကို နှိပ်တော့ ဖုန်းကလည်း ပိတ်ထားတာနဲ့ ဘာလုပ်ရမှန်းမသိဘဲ ဂိတ်ဝမှာပဲ ရပ်နေလိုက်တယ် .. ။ နောက်တော့ ကျွန်မတို့အမှုကို ကိုင်နေတဲ့ ရဲအဇမ်ကိုပဲ ဖုန်းဆက်ပြီး အကူညီလှမ်းတောင်းလိုက်ပါတယ် .. ။ ကျွန်မကို အခြားဂိတ်ဘက်ကနေ အမျိုးသမီးရဲတစ်ဦး လာခေါ်ပြီး ရှည်လျားထွေပြားတဲ့ အဆောက်အအုံကြီးထဲ ခေါ်သွားပါတယ် .. ။ သူကတော့ သဘောကောင်းပါတယ် .. ။ စကားပြောတာ မဆိုးပါဘူး .. ။

ပထမဆုံး အခန်းတစ်ခုထဲမှာ ကျွန်မကို ထိုင်ခိုင်းထားပါတယ် .. ။ ကျွန်မကို ခေါ်လာတဲ့ အမျိုးသမီးရဲကတော့ လေပြေလေးနဲ့ ကျွန်မကို ဆုံးမပြီး စကားတွေအစ်ပါတယ် .. ။ ကျွန်မက ဘာမှ လျိုထားတတ်တဲ့သူ မဟုတ်တော့ မေးသမျှဖြေခဲ့ပါတယ် .. ။ အဲဒီအချိန်မှာ တရုပ်ဝတုတ်ရဲတစ်ယောက် ၀င်လာပါတယ် .. ။ အားလုံးက သူ့ကို အရိုသေပေးတော့ မြန်မာနိုင်ငံမှာလိုပြောရရင်တော့ “အကောင်”ပေါ့နော် .. ။

သူက ကျွန်မကိုပြောပါတယ် .. ။ ကျွန်မကို သူသိပ်ဒေါသထွက်နေပါတယ်တဲ့ .. ။ ကျွန်မက ဘာမှ ပြန်မပြောချင်တဲ့ စကားဆိုရင် အနည်းငယ်ပြုံးပြခြင်းနဲ့ပဲ တုံ့ပြန်လေ့ရှိပါတယ် .. ။

“မင်းရဲ့အဖေက ဘာလုပ်လဲ ။ မင်းအမေကရော ဘာအလုပ်လုပ်လဲ ။ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ”

“မင်းကို ငါတို့က စင်္ကာပူမှာ နေထိုင်ခွင့်ပေးထားတာ မင်း စင်္ကာပူကို ဒီလိုဒုက္ခမပေးရဘူး”

“မင်း ငယ်ငယ်လေးနဲ့ ဒါတွေ ကိုင်တွယ်တတ်တာလည်း မဟုတ်ဘူး။ ငြိမ်ငြိမ်နေနော်”

အစရှိတဲ့ စကားတွေနဲ့ အဲဒီရဲဝတုတ်က ကျွန်မကို ကျယ်ကျယ်အော်ပြီး ပြန်ထွက်သွားပါတယ် .. ။

ပြုံးရယ်ခြင်းမရှိဘဲ တည်တည်လေးဘဲ ကြည့်နေတဲ့ ကျွန်မကို အမျိုးသမီးရဲက “အေးဆေးနော်
စိတ်မပူနဲ့”ဆိုပြီး ပုခုံးကိုတော့ လာပုတ်ပြီး နှစ်သိမ့်ပါတယ် .. ။

“ပြဿနာမရှိပါဘူး ငါဘာမှစိတ်မပူပါဘူး”လို့ပဲ ပြန်ပြောခဲ့ပါတယ် .. ။



�™ Cuteberries.com - Cartoon Dolls, Cute Disney Graphics, Saniro Graphics, Myspace Pictures, Myspace Codes, Myspace Layouts, Myspace goodies, Myspace stuff and more ! �™



အဲဒီအချိန်လောက်မှာ ကျွန်မက စိတ်ေ၇ာ လူရော တော်တော်လေး ငြိမ်နေပြီဖြစ်တဲ့အတွက် လန့်တာတွေတော့ မရှိတော့ပါဘူး .. ။ အဓိကက ကျွန်မဘေးနားမှာ အများကြီးပိုသတ္တိရှိတဲ့လူတွေကြောင့်ပါ .. ။ သူတို့ရဲ့ အားမာန်တွေက ကျွန်မကိုလည်း ကူးစက်ပြီး ကျွန်မ အရင်ထက် ပိုပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တတ်လာတာပါ။

၁၀မိနစ်လောက်ကြာတော့ ကျွန်မကို အခြားအခန်းတစ်ခုဆီ ပြန်ပြောင်းခေါ်သွားပါတယ် .. ။ အဲဒီအခန်းထဲမှာတော့ နောက်ထပ် တ၇ုပ်ရဲတစ်ယောက်က ထပ်စောင့်နေပြန်ပါတယ် .. ။ အဲ သူကတော့ နည်းနည်းပိုအပေါက်ဆိုးပါတယ် …

အမျိုးသမီးရဲနဲ့ အဲဒီတရုပ်ရဲတွေက ကျွန်မကို ကျွန်မ သတင်းဖြန့်ခဲ့တာတွေ ၊ ကျွန်မ ဘာကြောင့် ဒီလိုလုပ်တာတွေကို ထပ်ပြန်ပြောခိုင်းပါတယ် . .။

“မင်းမိတ်ဆွေ KST က မင်းကို ဘယ်လိုစပြောတာလဲ”

“မင်းနဲ့သူနဲ့ခင်တာ ဘယ်လောက်ကြာပြီလဲ”

“မင်းက ဘာလို့ ပါဝင်ပတ်သတ်နေရတာလဲ”

“မင်းမိဘတွေမပြောဘူးလား”

“မင်းဘယ်မှာကျောင်းတက်တာလဲ”

“အဖြစ်အပျက်တွေပြန်ပြော”

ဒါတွေလဲ လုံးလည်ချာလည်လိုက်အောင် ပြန်ပြန်ပြောခိုင်းပါတယ် .. ။ ခြောက်တစ်လှည့် ၊ အော်တစ်လှည့် ၊ ဆုံးမလိုက်နဲ့ နားတော့ တော်တော်အူပါတယ် .. ။







နောက် ကျွန်မကို ခံဝန်ချက်ထိုးခိုင်းပါတယ် .. ။ ကျွန်မကတော့ ကျွန်မစိတ်ထဲရှိတဲ့ သန့်စင်ရိုးသားတဲ့ စေတနာနဲ့

“ဒီလမ်းလျှောက်ဖို့အတွက်ကို ငါတို့က ထောက်ခံအားပေးမှုပြခဲ့ချင်တဲ့ စေတနာတစ်ခုတည်းပါပဲ .. ။ နောက် ငါကတော့ ဒီ၎ယောက်ဥပဒေကို သေသေချာချာ နားမလည်ခဲ့တဲ့အတွက် သတင်းကို အကြီးအကျယ် ဖြန့်ပေးလိုက်တာလည်း ပါပါတယ် .. ။ ငါက လုပ်ပြီးသွားချိန်တောင် ပြဿနာဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး .. ။ တစ်ခုပဲ ထည့်ပြောချင်တာက စင်္ကာပူရဲ့ ဥပဒေကိုချိုးဖောက်တာတွေ ၊ လမ်းတွေပိတ်အောင် အနှောင့်အယှက်ပေးတာတွေ ၊ စင်္ကာပူငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်တာတွေ ငါတို့မှာ မရည်ရွယ်ခဲ့သလို လက်တွေ့မှာလည်း မလုပ်ခဲ့ကြပါဘူး”

ဆိုတာကိုတော့ နိဂုံးချုပ် ကျွန်မထည့်ပြောခဲ့ပါတယ် .. ။ အဲဒီအတွက် ကျွန်မလုပ်ခဲ့တဲ့ အပိုင်းကိုတော့ ခံဝန်ချက် ထိုးခဲ့ရပါတယ် .. .။ သူတို့ဘက်က နည်းနည်းခပ်လွန်လွန်ပြောတာတွေအတွက်တော့ ကျွန်မ အတိုက်အခံ အနည်းငယ်လုပ်ခဲ့ရတယ် .. ။

၂နာရီကျော် သူတို့နဲ့တွေ့ဆုံ ၊ သြ၀ါဒပေးတာ နားထောင် ၊ ဆူတာ နားထောင်ပြီးတော့ ကျွန်မ အိမ်ကို ပင်ပန်းစွာ ပြန်လာခဲ့ရပါတယ် .. ။ ညနေေ၇ာက်တော့ နားလို့တောင် မ၀သေးချိန်မှာ အဇမ်ဆိုတဲ့ အိုင်အိုက ဖုန်းထပ်ခေါ်ပြန်ပါတယ် .. ။ သူ့ investigation အတွက် သူ့ ဘော့စ်ကို သူအသေးစိပ်တင်တော့မှာမို့ ကျွန်မနဲ့ ဖိုင်နယ်ထပ်တွေ့ဖို့ ပြောပြန်ပါတယ် .. ။ ကျွန်မလည်း

“အမ် တွေ့လို့ မပြီးနိုင်တော့ဘူးလား .. ။ င့ါမှာ အခြားလုပ်စရာတွေလည်း ရှိသေးတယ်” လို့ ပြောတော့

“မင်းလုပ်ထားတာအတွက် မင်းလာရမှာပေါ့”တဲ့ . ..။ မလာဘူးလို့ ကျွန်မ ပြောတာမှ မဟုတ်တာ .. ။ ကျွန်မမှာ ကျောင်းကိစ္စတွေ အိမ်ကိစ္စတွေလည်း အများကြီး ရှိပါသေးတယ် .. ။ ဒီကေ့စ်အတွက်ပဲ ၂၄နာရီမှ မလုပ်နိုင်တာ။

မြန်မြန်ပြီး မြန်မြန်နားအေးပါတယ်ဆိုပြီး အောက်တိုဘာလ ၁ ရက်နေ့ မနက် ၁၁နာရီမှာ တန်ဂလင်းရဲဌာနချုပ်ကို ကျွန်မ ထပ်သွားရပြန်ပါတယ် .. ။

အဲဒီနေ့မှာတော့ အသေးပိုစိပ်စွာ ကျွန်မကို မေးကြပြန်ပါတယ် . .။ ကျွန်မလည်း အလွတ်ရနေပြီ ဖြစ်တဲ့ ဒီဓါတ်ပြားဟောင်းကြီးကိုပဲ အသေးစိပ် အမှန်အတိုင်း ဖွင့်ရပြန်ပါတယ် .. ။ သူတို့က ကျွန်မ ဂျီတော့ခ်က online status စာသားတွေကို ကူးထားပြီး မေးပြန်ပါတယ် . .။ အစတော့ ဘာတွေပါလိမ့်လို့ တွေးနေပြီး နောက်မှ ကျွန်မ ချတ်တင်က စာသားတွေလို့ ဖြေလိုက်ပါတယ် .. ။

ကျွန်မနဲ့ရဲအပြင် အသိသက်သေအဖြစ် မြန်မာ-စင်္ကာပူလူမျိုး ရဲဌာနဘက်က အမျိုးသမီးကြီးတစ်ဦးက ဘေးကထိုင်နေရပါတယ် .. ။ သူက ကျွန်မကို ပိုအသေးစိပ်မေးပြီး ရဲနဲ့ပြောလိုက် ၊ ကျွန်မက ရဲကိုပြန်ပြောလိုက်နဲ့ ဓါတ်ပြားဟောင်းက ချာချာလည် .. ။

အဲဒီအချိန်ထိ ကျွန်မ မျက်ခုံးက မပင့်သေးပါဘူး .. ။ ကျွန်မ မျက်ခုံးပင့်သွားချိန်က ကျွန်မရဲ့ ဒီ လင်းလက်ကြယ်စင်ဘလော့ခ်က စာမျက်နှာပေါင်းများစွာကို သူတို့က ပရင့်အောက်တွေ ထုတ်ပြီး ကျွန်မကို ပြချိန်ပါ .. ။







“ဒါဘာတွေလဲ”

“ဒါ ငါ့ဘလော့ခ်က စာတွေ”

“မင်းဒီဘလော့ခ်ကိုရေးတာ ဘယ်လောက်ကြာပြီလဲ”

“တစ်နှစ်ကျော်ပြီ”

“ငါတို့ ရှာဖွေလေ့လာချက်အရ မင်းက မြန်မာ့နိုင်ငံရေးမှာ ပြင်းထန်တဲ့ ၊ တက်ကြွတဲ့ မိန်းကလေးတစ်ဦးပဲ ၊ ဟုတ်လား”

“ငါက ငါ့အမိမြေကို တိုးတက်ပြောင်းလဲစေချင်တဲ့ လူတစ်ဦးပါ”

“မင်း ဒီဘလော့ခ်မှာ ဘာအကြောင်းတွေရေးလဲ”

“မြန်မာပြည်နဲ့ဆိုင်တဲ့သတင်းတွေ ၊ ကဗျာတွေ ၊ ငါ့ခံစားချက်တွေ ၊ ငါ့အတွေးအမြင်တွေ ၊ ငါ့အတွေ့အကြုံတွေ ၊ ငါကြိုက်တဲ့ဆောင်းပါး ကဗျာတွေ ငါတင်ပါတယ်”

“ငါတို့က မင်းဘလော့ခ်၇ဲ့ သက်ဆိုင်တဲ့ ပို့စ်တွေကို ဘာသာပြန်ထားပါတယ် ။ မှန်သလား မမှန်လား မင်းဖတ်ပြီး အောက်မှာ မှန်ကန်ကြောင်း လက်မှတ်ထိုးပေးပါ”

ကျွန်မရေးထားတဲ့ ခံစားချက်ပြင်းတဲ့ ပို့စ်တွေ ၊ ရှင်းလင်းချက်ပို့စ်တွေကို အင်္ဂလိပ်လို ပြန်ထားတာကို ဖတ်လိုက်ရပါတယ် .. ။ ဖတ်ရင်း ပြုံးမိပါတယ် . .။ ဘာသာပြန်တော်တယ်လို့ .. ။ ကျွန်မရင်ထဲ ထိခိုက်တဲ့ စာသားတွေကို တိတိကျကျပြန်ပေးထားတာပဲ .. ။

ခဏကြာတော့ ကျွန်မဓါတ်ပုံတွေကို ပရင့်အောက်ထုတ်ထားတာတွေကို ကျွန်မက “အဲ မင်းတို့ အဲပုံတွေတော့ လျှောက်လျှောက်ထုတ်ပြီး ဘာလုပ်မလို့လဲ ။ ငါ့ဘလော့ခ်မှာ သတင်းတွေ င့ါခံစားချက်ေ၇းတာ ငါ့လွတ်လပ်ခွင့်ပါ”

“ပါ့ဘလစ်ဘလော့ခ်မှာ တက်ကြွတဲ့နိုင်ငံရေးစာတွေ တင်ထားတာ ငါတို့သိရှိဖို့ လိုပါတယ်”တဲ့ .. ။ ဘယ်လောက် အမြင်ကတ်ဖို့ကောင်းသော အဖြစ်သည်းခြင်းလဲဆိုတာ .. ။ အခုတော့ ကျွန်မ ဘလော့ခ်ပါ အေးအေးဆေးဆေး မနေရတော့ပါဘူး .. ။ အခု ကျွန်မရေးတဲ့ စာတွေကိုလည်း သူတို့ ဘာသာပြန်ပြီး ကြည့်မှာပါ .. ။ ကောင်းတယ် .. ဘာသာမပြန်တတ်အောင် ပါဌိလိုရေးဖို့ ကြိုးစားအုန်းမယ် .. ။

“လင်း မင်းက ငယ်ငယ်လေးနဲ့ တအားတက်ကြွလွန်းနေတယ် … ။ မင်း၇ဲ့ ရေးချင်တာရေးပြီး တင်လိုက်တဲ့ ပို့စ်တွေနောက်ကွယ်မှာ စင်္ကာပူက မြန်မာတွေကို မြှောက်ပေးသလို ဖြစ်မနေဘူးလား”

“ငါက ငါ့ရင်ထဲက ခံစားရတဲ့ အရာတွေ ၊ ငါ့အတွေးအမြင်တွေကို လွတ်လပ်စွာ ရေးသားထားတာပါ။ စင်္ကာပူနိုင်ငံကို ထိခိုက်တဲ့ မဟုတ်မမှန်တာတွေ ငါဘလော့ခ်မှာ ဘာမှမရှိဘူး”

ကျွန်မဘလော့ခ်နဲ့ပတ်သတ်ပြီး အဲဒီရဲနဲ့ ကျွန်မ အနည်းငယ် အချေအတင်ပြောခဲ့ရပါတယ် .. ။

ကျွန်မရဲ့ ဘလော့ခ်နဲ့ပတ်သတ်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်တာကို ကျွန်မဘက်က မဖြေနိုင်စရာ ဘာမှမရှိခဲ့ပါဘူး . .။ အားလုံးက ဘာမှလျိုထားတာမှ မရှိတာ .. ။

ကျွန်မဘလော့ခ်အကြောင်း သူတို့ပြောချိန်မှာ ကျွန်မကတော့ မြန်မာပြည်များ ပြန်ရောက်သွားသလား ထင်မှတ်လိုက်ရသေးတယ် .. ။ အထင်ကြီးသမျှ သဲထဲရေသွန်နေကြတာပါပဲလား .. ။

“စာရေးသူတစ်ဦးအနေနဲ့ သူ့အမြင်ကို လွတ်လပ်စွာ မှန်ကန်စွာ ရေးသားခြင်းက ငါ့ရဲ့ အခွင့်အရေးမို့ ငါ့ဘလော့ခ်နဲ့ပတ်သတ်ပြီး မင်းတို့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး” လို့ ကျွန်မရဲ့အပြောကို

“မင်းက တော်တော် ခေါင်းမာပြီး ပြောရခက်တယ် ။ မင်းအဲဒီလိုတွေ လုပ်နေတာ မင်းတို့ နိုင်ငံ ဘာထူးခြားသွားလို့လဲ ။ အခု မင်းတို့နိုင်ငံမှာ ပြည်သူတွေ သံဃာတော်တွေ ပစ်ခတ်ခံနေရတယ် .. ။ မင်းကူညီချင်ရင် ဘုန်းကြီးကျောင်းသွား ဘုရားရှိခိုး ။ ပိုက်ဆံထည့် .. ပြီးရင် အိမ်မှာပဲ သတင်းဖတ်နေပေါ့ .။ ဒီလိုစာတွေရေး ၊ သတင်းတွေဖြန့် ၊ တက်ကြွတဲ့လူတွေနဲ့ပူးပေါင်း ပါဝင်နေတာ ဘာထူးခြားလို့လဲ”

အဲဒီစကားကို ကျွန်မ ဆတ်ဆတ်ခါနာပါတယ် .. ။ အဲဒါကြောင့်

“ တိုက်ပွဲမှ မပြီးသေးတာ ။ ဘုရားရှိခိုးတာတော့ ငါ စနေတိုင်း သွားတယ် ။ အလှူငွေလဲ ထည့်တယ် ။ စာရေးခြင်းက ငါ့ရဲ့ ၀ါသနာမို့ ငါကတော့ မြန်မာနိုင်ငံအတွက် ခံစားချက်တွေ ၊ အတွေးအမြင်တွေရော နောက်ဆုံး မြန်မာပြည် ဒီမိုကရေစီရပြီးသွားလဲ ဘာပဲဖြစ်ဖြစ် ရေးနေမှာပဲ”လို့ပဲ ဖြေလိုက်ပါတယ်။

နောက်ဆုံးတော့ သူ့ဘာသာသူ လက်လျှော့ပြီး မပြောတော့ပါဘူး .. ။ ပြောလို့လည်း မရဘူးလေ .. ။ ကျွန်မရဲ့ လူသားတစ်ယောက်လွတ်လပ်ခွင့်ကို သဘာဝကြီးက သတ်မှတ်ပေးထားတာ မတရားတဲ့ ဥပဒေတွေ ၊ အထက်လူကြီးတွေကို ကြောက်ရတဲ့ အကြောက်တရားတွေနဲ့ ချုပ်ကိုင်လို့မှ မရတာ .. ။ သူ့ဘာသာသူ နေတဲ့ ဘလော့ခ်ကို လာပြီး ပြဿနာရှာချင်နေကြသေးတယ် .. ။ ဘယ်လိုလူတွေပါလိမ့် .. ။

လူတစ်ယောက်ရဲ့ ဦးနှောက်ထဲက အတွေးတွေကို ဘာစာအုပ်ပြဌာန်းချက်နဲ့ ချုပ်ကိုင်လို့ရလို့လဲဟင် .. ။

၂နာရီလောက် အားလုံး အဆုံးသတ် မေး ဖြေ ပြီးချိန်မှာ ကျွန်မကို ရဲက

“လင်း မင်းတို့ကိစ္စတင်မဟုတ်ဘူး .။ စင်္ကာပူမှာ အခြားမြန်မာတွေကလည်း အခြားကိစ္စတွေ လုပ်ရှားမှုတွေ လုပ်နေကြတာ မင်းတို့က အစပြုပေးလိုက်လို့ပဲ”တဲ့ .. ။

“ငါတော့ အဲလိုမထင်မိဘူး အဇမ် .. ။ မြန်မာပြည်အစိုး၇ လုပ်ရပ်ကြောင့် လူတွေက စိတ်ဓါတ်တွေ ပိုတက်ကြွလာကြပြီး မခံမရပ်နိုင်တွေ ဖြစ်လာကြတယ် ..။ အဲဒီခံစားချက်ကပဲ အားလုံးကို တွန်းအားပေးလိုက်တာပါ .. ။ ငါ့ကေ့စ်ကို သိတဲ့လူတောင် ခပ်နည်းနည်းလေးပါ”

ရဲလည်း အဲဒါဆက်မပြောတော့ဘဲ ဒီအမှုကို သူ အထက်အရာရှိကို ဆက်လက်တင်ပြပြီး အဖြေကို စောင့်နေရုံပဲလို့ပြောပါတယ် .. ။






“လင်း မင်းတို့လုပ်လိုက်တဲ့အမှုက sensitive case မို့ ရုံးတော်တက်ဖို့တော့ မင်းပြင်ဆင်ထား .. ။ တရား၇ုံးမတက်ရရင်တော့ မင်းကံကောင်းပါတယ် .. ။ ဒါပေမယ့် လွယ်လွယ်လေးနဲ့ ပြီးမှာ မဟုတ်ဘူးဆိုတာတော့ မင်းသိအောင် ငါကြိုပြောထားတာပါ”

“တရားရုံးတက်ဖို့လိုအပ်လာရင် တက်ဖို့အတွက် ငါ စိတ်ထဲကနေတော့ ကြိုတင်ပြင်ဆင်ထားပါတယ် ။ မပူပါနဲ့ ။ ကျေးဇူးပါပဲ”လို့ ပြောပြီး နောက်တစ်ကြိမ် ပင်ပန်းစွာ ပြန်လာရပြန်ပါတယ် .. ။

ဒီအမှုက ကွင်းလုံးကျွတ်တော့ မပြီးသေးပါဘူး .. ။ အမှန်တရားကို သဘာဝတရားက မသတ်ဘူးဆိုတာ ကျွန်မ ယုံကြည်ပါတယ် .. ။ ကျွန်မက လူသတ်မှုကျူးလွန်တာလည်း မဟုတ်သလို ခိုးဝှက်လုယက်တဲ့ အမှုလည်း ကျူးလွန်တာမဟုတ်ပါဘူး . .။ နိုင်ငံတွေ နိုင်ငံတွေက သတ်မှတ်ထားတဲ့ ဥပဒေဆိုတာ လူတွေအတွက် တရားတာတွေ ၊ မတရားတာတွေ ရှိပါတယ် . . ။ အမှန်တရားဆိုတာ အတ္တတွေနဲ့ ချုပ်ကိုင်ထားလို့ ရတဲ့ အရာမှ မဟုတ်တာ .. ။ သန့်စင်တဲ့ စေတနာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလုပ်တဲ့ လူတွေအတွက် အမှန်တရားက သူတို့ဘက်မှာ အမြဲရပ်တည်နေမယ် ၊ ပေါ်ထွက်လာမယ်ဆိုတာကို ကျွန်မ စိတ်နှလုံးသားထဲက လုံးဝယုံကြည်ထားပါတယ် .. ။

ကျွန်မရဲ့ အခုကိစ္စက မြန်မာပြည်မှာ အသက်ပေးထားတဲ့ လူတွေနဲ့ ယှဉ်ရင် အသေးအမွှားပါ .. ။ ဒီအတွေ့အကြုံအမှုကို ရင်ဆိုင်နေရချိန်မှာ ကျွန်မ စိတ်ထဲဖြစ်ပေါ်လာတာတွေက

၁) ကျွန်မရဲ့အသက်ကို တအားနှိမ်ကြတယ် .. ။ ကျွန်မက အငယ်ဆုံးမို့ တအား နိုင်လွန်းကြတယ် .. ။ အတွေ့အကြုံ ကျွန်မမှာ မရှိသလောက် နည်းပေမယ့် ကျွန်မမှာ အမှန်တရားကို ယုံကြည်တဲ့ ခွန်အားတော့ အပြည့်ရှိနေတယ် . .။

၂) မဆိုင်တာတွေ ဆွဲဆွဲထည့်တဲ့ လုပ်ရပ်တွေ ၊ ခြိမ်းခြောက်တာတွေ ၊ လူတစ်ယောက်ကို ရာဇ၀တ်သားလို ဆက်ဆံတာတွေ ကျွန်မ မုန်းပါတယ် .. ။

၃) ကျွန်မ လုပ်လိုက်တဲ့အရာတစ်ခုကြောင့် အချိန်တွေပေး ၊ အမြဲအဖော်လိုက်ပေးရတဲ့ ကျွန်မရဲ့ ချစ်သူကို ကျွန်မ အားနာပါတယ် .. ။ အလုပ်တွေပျက်ကုန် ၊ နှောင့်နှေးကုန်တဲ့အတွက်လည်း တောင်းပန်ပါတယ် .. ။

၎) တွဲဖော်တွဲဖက် ရဲဘော်ရဲဘက် သူငယ်ချင်းတွေ ၊ ပါဝင်ခဲ့ရသူတွေအတွက်လည်း စိတ်မကောင်းပါဘူး .. ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့ .. ။ ကျွန်မတို့ရဲ့ ပေးဆပ်မှု သေးသေးလေးတစ်ခုလို့ပဲ သတ်မှတ်ပေးလိုက်ကြပါ။


မှတ်ချက်။ ကျွန်မကွန်ပြူတာနှင့်ပတ်သတ် မေးသော မိတ်ဆွေများအတွက်

ကျွန်မ ကွန်ပြူတာ ပြန်မရသေးပါ ။ ရဲကို အကြိမ်ပေါင်းများစွာ မေးမြန်းနေသော်လည်း ရဲကပြန်ဖြေသည်မှာ ဒီကေ့စ်လုံးဝရှင်းပြီး ၊ အားလုံးပြီးသွားမှ ပြန်ပို့ပေးမည်ဟု ပြောပါသည် .. ။ ကျွန်မကွန်ပြူတာ hard disk ပဲ လိုအပ်တယ်လို့ထင်တဲ့အတွက် အဲဒီတစ်ခုပဲယူထားပြီး ကျန်တာပြန်ပေးပါလို့ သူတို့ကို ပြောခဲ့သည့်တိုင် သူတို့က ပြင်းထန်စွာ လက်မခံဘဲ ကျွန်မတောင်းဆိုချက်ကို ပယ်ချလိုက်ကြပါတယ် .. ။

19 comments:

Anonymous said...

Ma Lin Let,

I am proud of you. They cannot destroy your love for your country.

with metta,

Anonymous said...

lin let ...
so proud of u.

~~aung myin par say~~

Ko AungKyawLwin said...

ဘာမှကြောက်စရာမလိုဘူး။
ကိုယ့်ရဲ့လွတ်လပ်ခွင့်ပေါ်ကိုယ်ရပ်တည်တာ။
ကြောက်စရာမလိုပါဘူး။
လုံးဝနောက်မဆုတ်ပါနဲ့။

Winkabar said...

အစ်မရေ ဖတ်ပြီးစိတ်မကောင်းဘူး။
အစ်မကအရမ်းသတ္တိရှိတယ်။လေးစားပါတယ်။
ဘာမှအားမငယ်နဲ့။ အစ်မဘက်ကအမြဲရှိနေမယ်နော်။
အခုကောကွန်ပျူတာတွေဘာတွေပြန်ရပြီလား။

ကလိုစေးထူး said...

ပထမပို့စ်မှာကတည်းက လာဖတ်တယ်ညီမရ...။ စလုံးရဲတွေက ပိုတောင် ဆိုးနေသလိုပဲ။ ဒါနဲ့ အပေါ်ကတယောက်မေးသလိုပဲ ကွန်ပြူတာတွေ ပြန်ရပီလား။

Htoo Myat said...

ဟူး... ထိုင်းမှာက တော်သေးတာပေါ့ အမရေ...

Anonymous said...

Ma Lin Let,

I am very proud of you also. If they bring you to the Singapore court, you can report your case to the NGOs like Amnesty International (AI) and Human Right Watch. What you guys have done is absolutely legal and moral under the University Declaration of Human Rights - Article 20(a).

Anonymous said...

Hey Lin
Hello !

As soon as I read yours , I am so much surprised !!!
What's up there ????
We are with you . don't worry !!
if there is some proceeding ,like court, let me know, dear.
What is law ???????????
Human rights is own property from birth....
What is the major cause of this problem, in fact it's not problem, it is totally non-sense.
Burma's problem is not only the local problem, but the regional, this is the evidence now, they can figure out if they have knowledge.
Tell me detail plse !!!!

You are right absolutely!!!!!!

my mail is bigtheik@gmail.com

Theik
Germany

Anonymous said...

i am very pleased to read the post about Saa Lone authorities part 2.
by the way, your boyfriend is a very nice friend for you. A real friend!
thanks a lot for the post,
ppt sympathizer

Anonymous said...

That's unlawful action from Singapore Authorities. don't worry about that we will take any action whatever we can.

thanks for sharing to us.

MgThaJan said...

စာဖတ်ပြီး စိတ်မကောင်းဘူး ။ ဒါပေမဲ့ လင်းလက်ဘလော့ဂ်က စာသားတွေဟာ အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်လို့ ဂုဏ်ယူတယ် လင်းလက်ရေ။

ကြာပီ said...

So funny Singapore Police!

Anonymous said...

Don't use lion state, actually just a Larva Lion. You see, their mar lion looks like a larva Aedes with lion head.:D They don't have strong spirits like ours.

We, Burmese, are the truly lions.

I'm really proud of you.

Anonymous said...

http://en.wikipedia.org/wiki/Censorship_in_Singapore

Anonymous said...

Very proud of you!!! You have done a lot for our country. Thank you.

Anonymous said...

As Singapore Prime Minister said once, Singapore was built by foreign talents and still relies on them, but the way Singapore police treat a Burmese young blogger girl who actively and lively shows her national spirit leading to see the development of our land, Myanmar, is not fair and I strongly believe this is a kinda harassment.Singapore opposition party is now showing their solidarity with us for human right and democractic spirit at Myanmar Embassy and Singapore Federal Police allowed them to do it so and no legal action took on them so far. It is questionable why they want to take action on a young Myanmar girl? Are they working for Myanmar brutal juntas who are killing Buddhist monks? Logically, they are just afraid that Myanmars actions and activities against dictatorship may reveal and wake up the politically-sleeping Singaporeans child in a similar way. Anyway, I strongly convice that whoever living in Singapore, we must abide by their law and respect their law and justice.

In return, we strongly deserve that Singapore police will deeply consider on the humanright, justice and equal opportunity for any human being in Singapore regardless of the racial backgrounds. Now Lin is suffering from depression due to anxieties for her parents worries and the disturbance in her absent of her daily life and education.

Now is fair enough and I think all of Myanmar talents residing and working in Singapore really respect the Singapore law and no similar activities found since after that walking protest. One day when our country restore democracy and human right, I wish the resource-rich country Myanmar will still be the best friend for Singapore in the ASEAN family. Future is in the hand of our generation!

So, dear Honarable Police General, you kind consideration on this is much appreciated.
Sincerelys yours
M.Y.

Anonymous said...

Erratum for typos in above comment

Honorable; your kind consideration; parents'; worrisome;

Also, we have no doubt that Myanmars residign in Singapore really respect Singapore laws and there is no doubt that we all have to abide by the corresponding country's Law wherever we are..

Most importantly, we , Myanmars, also thanks to Singapore for giving us a chance to work, explore ourselves with advanced technologies and allows Myanmars to live there. Meanwhile, we deserve the fair and justice.

Aung said...

I just want to say, just like eveyone else, I am very proud of you. you are the one who is "standing up for what is right, even if you are standing alone" carry on, the whole world is on your side. =)

They must respect human rights,,,

#18: Freedom of Thought/Freedom of speech

#6: You Have Rights No Matter Where You Go

http://www.youthforhumanrights.org/index.htm

http://www.youthforhumanrights.org/downloads/index.html

Anonymous said...

သတ္တိကို လေးစား ချီးကျူးပါတယ်။
ဒီကိစ္စကို တခြားမီဒီယာတွေနဲ့ အင်တာဗျူးတာမျိုး လုပ်သင့်ပြီး စင်ကာပူသာမက တကမ္ဘာလုံးကသိအောင်လုပ်သင့်ပါတယ်။ သူတို့ အမေးအဖြေတွေကို တတ်နိုင်သလောက် Audio Record လုပ်ထားသင့်ပါတယ်.. လိုအပ်ရင် ထုပ်ဖော်လို့ ရတာပေါ့။ လူသိလေ.. မိမိရပိုင်ခွင့်ကို မထိပါးရဲလေ.. ဆိုတော့လူပိုသိအောင် ယခုပြသနာကို လူသိအောင်လုပ်ပါ။ Human Right Org က အကူအညီတွေ ရအောင်ဆက်သွယ်မှု့ တွေလုပ်ပါ။ Good Luck!

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။