Saturday, November 10, 2007

ပညာဒါနအလှူ




ကျွန်မနဲ့ ခင်တဲ့ ဒီမိတ်ဆွေတွေက အခုလိုမျိုး စင်္ကာပူမှာ ပညာဒါနအလှူလုပ်တယ်လို့ သိရတော့ ရင်ထဲမှ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်မိပါတယ် ။ မိမိလုပ်ပေးနိုင်တဲ့ အတိုင်းအတာထဲကနေ မွန်မြတ်သော စေတနာနဲ့ အခုလိုမျိုး လူအင်အား ၊ အချိန် ၊ ငွေ အားလုံးရင်းပြီး ဆောင်ရွက်နေကြတဲ့အတွက် စင်္ကာပူရောက် မြန်မာ ကလေးများကိုယ်စား အထူးကျေးဇူးတင်ရှိမိပါတယ်။ စာဖတ်သူများအနေနဲ့ မိမိနဲ့ပတ်ဝန်းကျင်ဆိုင်ရာမှာရှိတဲ့ ကျောင်းသား ကျောင်းသူများ ၊ မိဘများကို ဒီသတင်းလေး လက်ဆင့်ကမ်းပြောကြားပေးကြပါရှင် .. ။


ပညာဒါနအလှူ

စင်္ကာပူနိုင်ငံတွင် အခြေခံပညာ (Primary 1 to Secondary 4) ထိ သင်ကြားနေသော ကျောင်းသူကျောင်းသားများအတွက် စင်္ကာပူတွင် ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသူကျောင်းသားများမှ အခမဲ့ အချိန်ပိုင်း Study Guide သင်တန်း ပို့ချပေးလျုက်ရှိပါသည်။

ရည်ရွယ်ချက်
* ပညာရေးတွင် အခြေခံပိုင်သော ကျောင်းသူကျောင်းသားများ ဖြစ်လာစေရန် * မိမိတို့ ကျောင်းအသီးသီးတွင် စင်္ကာပူနိုင်ငံသားများနှင့်တန်းတူ ရင်ဘောင်တန်းလာနိုင်စေရန် * ဗုဒ္ဓဘာသာ အခြေခံများ သိရှိလာစေရန် * မိမိအားနည်းသော ဘာသာရပ်များကိုလဲ ဖြည့်ဆည်းပေးရန်

အထက်ပါရည်ရွယ်ချက်များဖြင့် ကျွန်တော်တို့သည် စင်္ကာပူရှိ ညီ၊ ညီမငယ်များအား အခမဲ့ ကူညီပံ့ပိုးပေးပါသည်။ ပညာရေးနှင့်ပတ်သက်သော မေးခွန်းစာရွက်များနှင့် လေ့ကျင့်ခန်းများကိုလည်း အခမဲ့ ထောက်ပံ့ပါသည်။ Study Guide သင်တန်းကို အပတ်စဉ် စနေ - တနင်္ဂနွေ နေ့တိုင်း ( နေ့လည် ၃ နာရီမှ ၆ နာရီထိ) Mahamuni Buddhist Society (Clementi) တွင် ပို့ချပေးလျုက်ရှိပါသည်။ စိတ်ပါဝင်စားသူ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးလိုက်ပါသည်။

စာရင်းပေးသွင်းလိုသောမိဘများ Application Form ကို Mahamuni Buddhist Society (Clementi) ၌ ရယူနိုင်ပါသည်။ Email ဖြင့်လည်း တိုက်ရိုက် စာရင်းပေးသွင်းနိုင်ပါသည်။

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
Mahamuni Buddhist Society (81230769)
Han Myo Naung (81576014)Email: hanmyonaung@yahoo.com.sg

Thet Lwin Tun (96238425)
Email: thetlwintun@gmail.com


Click Here To Download Application Form

1 comments:

ရန်ကင်း said...

best............................

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။