Sunday, November 11, 2007

နှစ်ချို့အနာနှင့်အလင်းတံခါး





နှစ်ချို့အနာနှင့်အလင်းတံခါး



လေပြည်နုနုထဲမှာ

ကျန်ရစ်ခဲ့တဲ့အတိတ်တစ်ချို့

နေရောင်နုနုလေးတွေထဲ

သာယာချိုညည်းသံကိုသီဆိုလို့

ပြန်လည်တူးဖော်သီကုံးချင်တယ် .. ။



ပျော့ညံ့နေတဲ့ စာနာခြင်းတွေရယ်

ဒီဂရီဆုံးနေတဲ့သက်ပြင်းချသံတွေရယ်

အချိုးမကျ ကခုန်နေတဲ့

မျှော်တလွင့်လွင့်အိပ်မက်တွေရယ်

ဖျက်ခနဲလွင့်မျောနစ်မြုပ်သွားတဲ့

မျက်ဝန်းကြယ်ပွင့်လေးတွေရယ်

သွေးစက်စက်ကျနေတဲ့နှလုံးသားရယ်

အရာအားလုံးပေါင်းစပ်ပြီး

ဘ၀ဆိုတဲ့ဇတ်ခုံပေါ်မှာ

ပြုံးတစ်လှည့် မဲ့တစ်လှည့်

(ငါ) သရုပ်ဖော်နေရတုန်းပဲ .. ။



သိမ်းဆည်းထုပ်ပိုးထားတဲ့

ဘယ်ဘက်ရင်ထောင့်ကခံစားမှုအချို့

တိမ်တွေညိုတဲ့ကောင်းကင်မှာ

ဆွတ်ပျံ့မျောလွင့်နေတာ

မရေရာတဲ့အချိန်တွေအားလုံးထဲ

ဘယ်အတိုင်းအတာထိမျိုသိပ်ထားရမှာလဲ .. ။



ပန်းနုရောင်ဓါးတစ်လက်နဲ့အတူ

လရောင်မဲ့တဲ့ လမိုက်ညမှာ

ကြယ်ပွင့်လေးတွေငိုညည်းနေတုန်း

ဝင်းခနဲမြင်လိုက်ရတဲ့ဓါးသွားအောက်မှာ

ရင်ဘတ်တစ်ခုလုံးသွေးချင်းချင်းနီသွားရတယ် .. ။



မျက်ဝန်းတွေလင်းလက်လာဖို့

နှင်းဆီပန်းခင်းနမ်းရှိုက်

လမင်းထံကအေးချမ်းခြင်းတွေငှားယူ

ကြယ်ပွင့်လေးတွေခြံရံလို့

အစပျိုးမိတဲ့ဒီပျိုးခင်းမှာ

သွေးနီနေတဲ့ရင်ဘတ်တစ်ခုလုံး

အလင်းတံခါးကိုဖွင့်ပေးထားပါတယ် .. ။


လင်းလက်ကြယ်စင်






9 comments:

မျိုးချစ်မြန်မာ said...

လင်းလင်းရေ ကဗျာလေးကလှတယ် အရောင်ဖျော့ဖျော့လေးဘဲ ဒါပေမယ့်လှတယ်

မျိုးချစ်

Unknown said...

in this life, nothing is unpridictable...sis.. so..
we should hope for the best and we also need to prepare for the worst :)

khunaung said...

ကဗျာဆိုတာ နှလုံးသား ခုန်နှုန်းနဲ့အတူ ခံစားပြီး ပုံဖော်ပေးတာဖြစ်တယ်တဲ့... အဲဒီလို ပုံဖော်ပြီး ခံစားချက်တွေကို ပရိဿတ်တွေ မျှဝေခံစားပေးဖို့ လုပ်တာဟာလည်း ကဗျာသမား... စာသမားတွေပဲတဲ့ အဲဒီလိုပဲ လင်းလက်ကြယ်စင် (ခေါ်) ဂျူးလိယက် ဟာလည်း ပြည်သူချစ်တဲ့ ကဗျာသမား စာသမားဖြစ်သလို ကိုယ့်အကျိုးကို နောက်ထားပြီး အများရဲ့ရင်ထဲကို ၀င်ကြည့်ခံစားပြီး ပြန်လည် ပုံဖော်ပေးတယ်လို့ပဲ မြင်တယ်... ကဗျာနဲ့ပတ်သက်ပြီး ခွန်အထူး ပြောစရာမလိုတော့ပါဘူးနော်..

ဂျူးရဲ့ သူငယ်ချင်း
ခွန်အောင်

ဆောင်းယွန်းလ said...

ပျော့ညံ့နေတဲ့ စာနာခြင်းတွေရယ်

ဒီဂရီဆုံးနေတဲ့သက်ပြင်းချသံတွေရယ်

အချိုးမကျ ကခုန်နေတဲ့

မျှော်တလွင့်လွင့်အိပ်မက်တွေရယ်

ဖျက်ခနဲလွင့်မျောနစ်မြုပ်သွားတဲ့

မျက်ဝန်းကြယ်ပွင့်လေးတွေရယ်

သွေးစက်စက်ကျနေတဲ့နှလုံးသားရယ်

အရာအားလုံးပေါင်းစပ်ပြီး

ဘ၀ဆိုတဲ့ဇတ်ခုံပေါ်မှာ

ပြုံးတစ်လှည့် မဲ့တစ်လှည့်

(ငါ) သရုပ်ဖော်နေရတုန်းပဲ .. ။ This paragraph touches my heart. This is very good poem my sister. Keep it up.

Kaung Kin Ko said...

ကဗျာ အရမ်းကောင်းတယ်။ စာကြောင်းတိုင်းက power အပြည့်ပဲ။ တင်စားထားတာတွေ မိုက်တယ်။ ကဗျာအသစ်တွေဆက်မျှော်နေပါတယ်။ လင်းလက် tag ထားတာတော့ နက်ဖန်မှပဲ ရေးတော့မယ်နော်။

hnin said...

အရမ်းကောင်းတယ်မမ။ ကဗျာကို မဖတ်ရတာကြာလို့လားတော့မသိဘူး။ သိုးလေးတောင် Pasternak ဆီက မှီငြမ်းပြီး တင်ထားသေးတယ်။

nyeenyee2007 said...

ဘ၀ဆိုတဲ့ဇတ်ခုံပေါ်မှာ

ပြုံးတစ်လှည့် မဲ့တစ်လှည့်

(ငါ) သရုပ်ဖော်နေရတုန်းပဲ ဘယ်အတိုင်းအတာထိမျိုသိပ်ထားရမှာလဲ to လင်းလက်ကြယ်စင်

thak you very much for your words

ကလိုစေးထူး said...

ဒီကဗျာပုံစံမျိုး မဖတ်ရတာကြာပြီ။ ကောင်းတယ် ညီမ။

Anonymous said...

ဒီကောင်မလေး စိတ်ကူးပေါက်ရာ ကဗျာတွေ ကိုရေးရင်းကနေ ဒီလိုကဗျာလေးတွေ ရေးတတ်လာခဲ့ပြီ တဖြည်းဖြည်းနဲ့လည်း ရင့်ကျက်လာခဲ့ပြီ ၀မ်းသာပါတယ် မဂျူးလေးရေ ဖောင်တွေက တလွဲတွေထွက်နေမယ်ထင်ပါတယ်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။