Saturday, November 24, 2007

စိတ်ကူးထဲမှ ခပ်ဝါးဝါးမျှော်လင့်ခြင်းအချို့






`အဘ ဒီစစ်အာဏာရှင်လက်အောက်မှာ သမီးတို့အမှောင်ကျနေဆဲပဲနော် ။ ဒီစနစ်မရှိမှ တကယ်အေးချမ်းမှာ´


အချိန်ကား ၂၀၀၄ခုနှစ်ကာလဖြစ်သည် ။ ကျွန်မ ဒီနေ့ဒီလိုစိတ်ဓါတ်ထက်သန်ခဲ့တာ ကျွန်မနေခဲ့သော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း လွှမ်းမိုးမှုကြောင့်လည်း ပါဝင်သည် ။ ကျွန်မ အဘနှင့် ဦးလေးများက ဒီစစ်အာဏာရှင်နှင့်ပတ်သတ် အမြဲတမ်း ကျွန်မတို့ကို ငယ်ငယ်လေးကတည်းက ပြောပြနေခဲ့တာမို့ ကျွန်မတို့အသဲထဲမှာ အမှန်တရားနှင့်လွတ်လပ်တရားမျှတမှုဆိုတာကို ပြင်းပြစွာလိုချင်နေခဲ့တာ ကလေးဘ၀ကတည်းက။



ရေမလာသောကြောင့် မော်တာခန်းထဲမှာ ရေချူနေသော ကျွန်မနှင့် ကျွန်မအဘကတော့ စိတ်တိုစွာဖြင့် စစ်အာဏာရှင်စနစ်ကို ကောင်းကောင်းဆွေးနွေးခဲ့ဖူးတာ ကျွန်မ မှတ်မိနေသေးသည် ။ မြို့မှာရေမရှိသောကြောင့် တောပြန်ပြီး ကန်ထဲဆင်းချိုးရမည့် အခြေအနေမှာ ကျွန်မ နေခဲ့ဖူးသည်။



`ဒီကောင်တွေက တိုက်မှရမှာ သမီးရဲ့ ။ အဘတို့က သူတို့ကလိမ်ကကျစ်အကျင့်တွေကို အရိုးစွဲနေပြီ။ အာညောင်းခံပြီး မပြောချင်တော့ဘူး ။ စကားအဖြစ်သာ ပြောတာပါ။ တိုက်မယ်ဟေ့လို့သာ ကြေငြာလိုက်။ ဒီကောင်တွေ ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ပြေးပြီးသား ။ လူမျိုးကိုချစ်တဲ့ တပ်မတော်မှ မဟုတ်တာ။ ကိုယ်ကောင်းစားဖို့ စစ်ဗိုလ်တက်လုပ်နေသူတွေချည်းပဲ ။ ဘယ်ကောင်မှ သတ္တိတကယ်မရှိပါဘူး´ ဟု အဘကပြောပြီး ရေမလာ၍ စိတ်ပျက်စွာ ထိုင်နေသည် ။



ကျွန်မကတော့ ဘေးမှာ ရေပုံးလေးကိုင်ပြီး အတွေးပေါင်းများစွာဖြင့် ဆက်ပွားနေခဲ့သည်။



ကားငှားစီးသွားတိုင်းလည်း မြန်မာပြည်မှာ တက်က်စီသမားများက နိုင်ငံရေးအပွားဆုံးဖြစ်သည် . ။ သူတို့ပြောလေ့ရှိသော `အမရေ ဒီကောင်တွေကို စိတ်မရှည်ပါဘူး အမရာ ။ သူတို့က ဟိုလှည့် ဒီလှည့် အချိန်ကိုတောက်လျှောက်ဆွဲနေတာ။ ဗုံးသာကျဲလိုက် တခါတည်းပွဲပြတ်ပြီ´ အစရှိသဖြင့် သူတို့လိုလားကြသည်။



ကျွန်မတို့ ပြည်တွင်း ပြည်ပမှ မြန်မာများက မိမိနိုင်ငံအတွက် ၊ မခံချင်စိတ်များ ၊ လွတ်လပ်မှုကို လိုချင်စိတ်များ ၊ တရားမျှတမှုကို လိုချင်စိတ်များဖြင့် ရောက်ရာနေရာမှ ရသလို စစ်အာဏာရှင်စနစ်ကို တိုက်နေကြသည်။ ကျွန်မတို့ပန်းတိုင်အတွက် ကျွန်မတို့ ညီညွတ်စွာ တိုက်ပွဲဝင်နေတာ သွေးတွေ မြေပေါ်မှာ စီးဆင်းနေခဲ့ပြီ ။ သို့ပေမယ့် .. အဆုံးမသတ်သေးတဲ့ တိုက်ပွဲအတွက် ကျွန်မတို့ ပညာဥာဏ် ၊ ဇွဲ ၊ လုံ့လ ၊ ၀ီရီယ ၊ စိတ်ခွန်အားများ ၊ လူအင်အားများ ၊ သွေးစည်းညီညွတ်မှုများဖြင့် ရှေ့ဆက်နေရဦးမည် ... ။



ယူအန်မှ ပုဂ္ဂိုလ်များ ၊ အရှေ့ပိုင်း အနောက်ပိုင်း နိုင်ငံမှ ခေါင်းဆောင်များ သံတမန်ရေးရာအရ ပထမအပိုင်းမှာ ဖြေရှင်းနေကြပေမယ့် ဦးခေါင်း ၊ နားနှင့် အမြင်အာရုံအားလုံးကို သံခမောက်ဆောင်းပြီး အကုန်ပိတ်ထားသော နအဖစစ်အာဏာရှင်ကို ဖိအားပေးခြင်း ၊ အကျပ်ရိုက်အောင်လုပ်ခြင်း ၊ စားပေါက်ဝင်ပေါက်အားလုံးပိတ်အောင်လုပ်ခြင်းများကသာ ပိုမိုကောင်းမွန်ပါသည် . ။ စစ်အာဏာရှင်ကို နိုင်ငံခြားသံတမန်များ ၊ ယူအန်မှ လူကြီးများက လူကြီးလူကောင်းဆန်ဆန် သွားရောက်ဆွေးနွေးနေရုံလေးတစ်ခုတည်း လုပ်နေမည်ဆိုကပါ ကျွန်မ မျက်လုံးထဲတွင် လူစကားနားမလည်သော သတ္တ၀ါတစ်ကောင်အား ယဉ်ယဉ်ကျေးကျေး ပန်ကြားနေပုံနှင့် ပိုမိုတူနေပါလိမ့်မည်။



မြန်မာပြည်သူလူထုအများစုက `လာတိုက်ဖို့´သာမျှော်လင့်ကြသည် ။ လက်တွေ့မှာ ထိုအပိုင်းနှင့်ပတ်သတ် မျှော်လင့်ချက်တော့ ကျွန်မ သိပ်မတွေ့ ။ လာတိုက်ရေးဆိုသော အပိုင်းကို ကျွန်မလည်း မတတ်နိုင် ။ ကိုယ်တိုင်လည်း မလုပ်ပေးနိုင်။ ထို့အတွက် ဘာမှတော့ မပြောလိုပေမယ့် တကယ်တမ်း မြန်မာပြည်အရေးကို စီးပွားရေးအရ နောင်တစ်ချိန်မှာ ကုန်ကျစရိတ်အားလုံး ပြန်ရှင်းပြီး လတ်တလောမှာ မြန်မာပြည်သူပြည်သားများနှင့် အဝေးဆုံး တောမှာနေနေသော ဦးသန်းရွှေတို့ တစ်တပ်လုံးကို စစ်လေယဉ်များဖြင့် ဆော်မည်ဆိုပါက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမိပါလိမ့်မည်။





1 comments:

Anonymous said...

ညီမလေးေ၇-ဒီဆန်ကုန်မြေလေးအတ်တဘောတွေကိုအမြစ်ပါဖြုတ်ပစ်၇မှာဟေ့

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။