Tuesday, January 01, 2008

နှစ်သစ်အတွက်အမှတ်တရ၀တ္ထုတိုတစ်ပုဒ်


နှစ်သစ်တစ်ခုရဲ့ ပထမဆုံးသောနေ့မှာ စာရေးဆရာတစ်ယောက်ယောက်ရဲ့ ၀တ္ထုတိုတစ်ခုလောက် အမှတ်တရတင်ပေးဖို့ စဉ်းစားခဲ့ပေမယ့် ကျွန်မ အချိန်သိပ်မအားတာကြောင့် စာရိုက်တာ မပြီးဘူး ဖြစ်နေပါတယ်။ ၂၀၀၇ခုနှစ်ကို ကူးပြောင်းမယ့်နှစ်သစ်ကူးအတွက် ၂၀၀၆ခုနှစ်က ကျွန်မရေးခဲ့ဖူးတဲ့ နှစ်သစ်နဲ့ဆိုင်သော ၀တ္ထုတိုလေးတစ်ခုကိုပဲ အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁နှစ်ခွဲ ၊ ကျွန်မအသက် ၁၈နှစ်မပြည့်ခင်က သံလွင်အိပ်မက်မှာ ရေးခဲ့တဲ့ ၀တ္ထုတိုလေးတစ်ခုပါ။ အခုအချိန်မှာ ပြန်ဖတ်ကြည့်မိတိုင်း လိုအပ်ချက်ပေါင်းများစွာကို ကျွန်မ ပြန်တွေ့ရပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကအစ ကျွန်မ ပြန်လည်သင်ခန်းစာယူဖြစ်ပါတယ်။ ဒီလို ၀တ္ထုတိုမျိုးလေးတွေ ကျွန်မ မရေးဖြစ်တာ ၁နှစ်ရှိပါပြီ .. ။ မဖတ်ရသေးတဲ့ စာဖတ်သူတွေအတွက် မျှဝေလိုက်ပါတယ်ရှင်။ ဖတ်ဖူးတဲ့သူတွေအားလုံးကတော့ သိကြမှာပါ . ။ ခေါင်းစဉ်လေးက `ကြယ်ကြွေညနှင့်ပန်းနုရောင်အိပ်မက်´ပါရှင်။


Click Here To Download It


2 comments:

Anonymous said...

တိုက်ဆိုင်မှုလို့ ဆိုရမလား.... ညီမလေးရဲ့ ဝတ်ထုတိုလေးကို ဖတ်ပြီး အကို ၀မ်းနည်းမိတယ်...
ကို့ ချစ်သူကလည်း နှစ်သစ်ကူးညမှာ အကို့ ကို ထားသွားခဲ့ပြီလေ...
ဘယ်တော့မှ မေ့လို့ မရတော့အောင် လုပ်သွားခဲ့တယ်...
နှစ်ဟောင်းကို ကြေကွဲမှုတွေနဲ့ အဆုံးသတ်ခဲ့ပြီး... နှစ်သစ်ကို ၀မ်းနည်းမှုတွေနဲ့ ကြိုဆိုခဲ့ရတယ်...
ညီမရဲ့ ဝတ်ထုတိုလေးကို ခံစားလို့ ရပါတယ်...
ညီမလေးရေ... နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေကွာ...

ကေမောင်ငြိမ်း said...

ပြောချင်တာ တွေကတော့ အများကြီးဘဲ မလင်းလက်ကြယ်စင်၊ ခက်ပါတယ်ဗျာ ဘယ်တတ်နိုင်ပါ့ မလဲ၊ တစ်ခါ တစ်လေ မြန်မာ လူမျိုး ဖြစ်ရတာ အရမ်းဂုဏ်ယူတယ်၊ တစ်ခါ တစ်လေ မြန်မာ လူမျိုး ဖြစ်ရတာ အရမ်း ရှက်တယ်၊ ရှင်းရှင်းပြော မယ်ဗျာ၊ မဖြစ်ချင်ဘူး၊ ဒီ story နဲ့တော့ မဆိုင်ဘူး၊ ဒါပေမယ့် ကွန့်မန်ကို တမင်သက်သက် ရိုက်ခဲ့တာပါ၊ ပြောစရာတွေ ကတော့ အများကြီးဘဲ၊ ဆွေးနွေးဖော် ဆွေးနွေး ဖြစ်ချင်တယ်ဗျာ၊ ခက်တာက ကျွန်တော်က လက်ဝဲ၊ လက်ယာ၊ အတွင်း၊ အပြင် ဘာကိုမှ တော့မသိဘူး၊ ခံစားနေရ တာတွေ၊ လွတ်လပ်မှုတွေ ဘယ်တော့ များရပါ့ မလဲဆို တာကို ဘဲမျှော်လင့်မိ တယ်ဗျာ၊

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။