Wednesday, January 23, 2008

ကဗျာဆရာစောဝေ၏လက်ရာပြောင်မြောက်သောကဗျာ


ဒီကဗျာရဲ့ ထိပ်ဆုံးစာလုံးတစ်လုံးစီကိုပဲ စာဖတ်သူတို့ ဖတ်ကြည့်လိုက်ပါ။ မြင်လိုက်ရမည့် စာလုံးကတော့ `အာဏာရူးကြီး မှူးကြီးသန်းရွှေ´ဖြစ်ပါတယ်။ ဒီကဗျာကို ဇန်န၀ါရီလ ၂၁ရက်နေ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ စောဝေက ရေးသားခဲ့ခြင်းပါ။

တိုက်ဆိုင်သွားတာလား ၊ တမင်ရည်ရွယ်ပြီးရေးတာလား ကဗျာဆရာကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ဒီကဗျာနဲ့ပတ်သတ်ပြီး ရန်ကုန်မှ လူအများက ၀ယ်ယူကြည့်ရှုကြပြီး ထုတ်ဝေသူနဲ့အယ်ဒီတာကတော့ ခေါ်ယူမေးမြန်းခြင်း ခံနေရတယ်လို့ သတင်းကြားသိရပါတယ်။ ကဗျာဆရာစောဝေမှာ ယခုလောလောဆယ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ `စာတစ်စောင် ပေတစ်ရွက်´ အမှန်တရားခံစားချက်ကို ဖော်ထုတ်နေတဲ့ ပြည်သူတွေခံစားချက်ကို စစ်အာဏာရှင်နှင့်အပေါင်းပါများ ပိုမိုနားလည်သင့်ကြပြီလို့ ယူဆမိပါတယ်။ ကဗျာဆရာကိုစောဝေ အန္တရာယ်မရှိ လွတ်မြောက်ပါစေလို့လည်း ဆုတောင်းဆန္ဒပြုမိပါတယ်။

4 comments:

Mintasay said...

တော်တော်ကြိုက်သွားပြီ...အဲစာအုပ်လေးကို

Winkabar said...

တမင်ရေးလား မတော်တဆဖြစ်သွားလားဆိုတာတော့ အစ်မပြောသလိုပဲ ကဗျာဆရာကိုယ်တိုင်ပဲသိမှာပဲ။ အစ်မနဲ့အတူဆုတောင်းပေးပါတယ် ကဗျာဆရာကိုစောဝေ အန္တရာယ်မရှိ လွတ်မြောက်ပါစေလို့။

Anonymous said...

ကဗျာဆရာ ကိုစောဝေ ! ဂုဏ်ယူတယ်ဗျာ ၊ ပြောင်မြောက်ပါပေတယ် ၊ လင်မယား ၂ယောက်စလုံးအတွက်လည်း စိုးရိမ်မိပါတယ် ။

Anonymous said...

အင်မတန်ကောင်းတဲ့ကဗျာလေးပါဘဲဗျာ။ လေးစားမိသလို ကဗျာဆရာ ကိုစောဝေအတွက်လဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ပုလဲသွယ်ရေးနည်းနဲ့ ရေးထားတယ်လို့ ယူဆပါတယ်

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။