Tuesday, April 22, 2008

အာဟာရစာစောင်မှမိတ်ဆွေများသို့ .. ကျေးဇူးတင်လွှာ


လွန်ခဲ့တဲ့ရက်ပိုင်းခန့်က အာဟာရစာစောင်မှ မိတ်ဆွေတစ်ယောက်ယူလာပေးတဲ့ စာအုပ်များကို ကျွန်မ လက်ခံရရှိခဲ့ပါတယ်။ စေတနာဖြင့် တကူးတကသယ်လာပေးသည့်အတွက်လည်း စိတ်ထဲမှ ကျေးဇူးအများကြီးတင်ရှိမိပါတယ်။ ရက်ပိုင်းခန့်လာရောက်သွားချိန်မှာ မအားလပ်နိုင်သောကိစ္စများကြောင့် အချိန်မှီသွားရောက်မတွေ့ဆုံလိုက်ခဲ့ရသည့်အတွက်လည်း အလွန်အမင်းအားနာမိပါတယ်။ အာဟာရစာစောင်မှ ပေးပို့လိုက်တဲ့ စာအုပ်များအားလုံးဟာ ကျွန်မ အနှစ်သက်ဆုံးစာအုပ်တွေချည်းဖြစ်တဲ့အတွက် ပိုမိုဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။


ဆရာကြီးမောင်စွမ်းရည်၏ ဘာလဲဟဲ့မောင်စွမ်းရည်နှင့် ဆရာနိုင်ဝင်းဆွေအမှတ်တရစာအုပ်များမှာ ကျွန်မအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလှပါတယ်။ ဆရာမ မေငြိမ်းရေးသားပြုစုတဲ့ ဘလော့ခ်ဂါများအတွက်လက်စွဲကလည်း E-Book အနေနဲ့ပဲရှိတာကြောင့် ယခုလို စာအုပ်ကို လက်ဝယ်ရရှိလိုက်ရသည့်အတွက်လည်း ၀မ်းသာမိပါတယ်။

`တစ်နေ့တော့ ဆုံဖြစ်မှာပါ´လို့သာ နှုတ်ဆက်ပြောလိုက်ရပေမယ့် အဲဒီတစ်နေ့က ဘယ်နေ့လဲ ကိုယ်ကိုယ်တိုင်တောင် သေချာမသိသေးပါဘူး။ အာဟာရစာစောင်မှ မိတ်ဆွေများကို လူချင်းမတွေ့ဖူးသေးပေမယ့် စာပေသဘောအရ ၊ အမှန်တရားအတွေးအခေါ်အနေနဲ့ရော စိတ်ထဲမှ အလိုလိုရင်းနှီးခင်မင်နေပြီးဖြစ်ပါတယ် .. ။ သတိတရနဲ့ ယခုလိုစေတနာများအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးအထူးတင်ရှိမိပါတယ်ရှင် .. ။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။