Wednesday, May 14, 2008

စင်္ကာပူရှိ မျိုးချစ်မြန်မာများအဖွဲ့မှ အလှူငွေများကို လပ္ပတ္တာမြို့နယ်ရှိ ဒုက္ခသည်စခန်းများနှင့် အခြားကျေးရွာများသို့ လှူဒါန်းခြင်း






စင်္ကာပူတွင် ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့မှ ဦးစီးကောက်ခံရရှိသော အလှူငွေများဖြင့် အလှူရှင်များကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများမှ လပ္ပတ္တာမြို့နယ်ရှိ ဒုက္ခသည်စခန်းများသို့ လိုအပ်သော အစားအသောက် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ စင်္ကာပူ မှ စေတနာရှင်များကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့မှ လပွတ္တာမြို့ရှိ ဘုန်းကြီးကျောင်း(၄)ကျောင်း သို့ ဆန်အိတ် (၂၈၀) ၊ ကုန်ခြောက်များ ၊ ခေါက်ဆွဲခြောက် ၊ အချိုရည် ၊ အ၀တ်အစားများ နှင့် ငွေသား (၁၂) သိန်းခန့် စုစုပေါင်းမြန်မာငွေ ကျပ်သိန်း (၁၀၀)ခန့် လှုဒါန်းပေးပြီးဖြစ်ပါသည်။

ထို့ပြင် ပြည်ပရောက်မျိုးချစ်မြန်မာများမှ စင်္ကာပူမှစေတနာရှင်များကိုယ်စား လေမုန်တိုင်းဒဏ် အပြင်းအထန်ခံစားနေရသည့် ကျေးရွာများရှိ ပြည်သူများ၏လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဖြန့်ဖြူးလှူဒါန်းနေသည့်အပြင် ရုပ်ရှင်သရုပ်ဆောင်ကိုကျော်သူ၏ နာရေးအဖွဲ့ကြီးသို့ စင်္ကာပူငွေသားတစ်သောင်းခန့် တန်ဘိုးရှိသော ဆန်အိတ် (၅၀၀) လှုဒါန်းပြီးဖြစ်ကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။