Thursday, June 05, 2008

“စောင်းတီးမပျက်သူအတွက် သီချင်းတပုဒ်”


“စောင်းတီးမပျက်သူအတွက် သီချင်းတပုဒ်”
(ရဲရင့်သက်ဇွဲ)

အသံတခုစီရဲ့စီးဆင်းမှုမှာ
ကြေကွဲခြင်းကပျော်ဝင်နေတယ် .. ။

အဆွဲ ၊ အငင် ၊ အဖြတ် ၊ အတောက်
ခံစားမှုအပြည့်နဲ့အသံများအောက်မှာ
နာဂစ်ဟာ ကစုန်ဆိုင်း
ငါတို့ ရင်ထဲ
ဒုန်းဆိုင်းလို့ဝင်ရောက်လာတော့တယ် .. ။


နောက်ခံတေးဂီတအသံကြားက
ခလေးငယ်ရဲ့အမေကို တမ်းတခေါ်သံ
ငါ့နှလုံးသား တစစီမွချွေ
ကမ္ဘာမကြေစရာများ
ငါတို့ဘ၀ ငါတို့ခေတ်ကြမှ
များပဲများနိုင်လွန်းလှချည်ရဲ့ … ။

သံသရာရှည်သမျှပါပဲ
အပူသယ်ဘ၀တွေကို
ဘယ်လိုဖေးကူမမှာလဲ .. ။

သံစဉ်လှိုင်းတွေက
ဆူနာမီလှိုင်းတွေလိုရိုက်ခတ်
နာဂစ်မုန်တိုင်းလိုတိုက်ခတ် ..

ငါတို့ရင်အစုံဟာ
မုန်တိုင်းပြီးစ မြို့ပျက်ကြီးပမာ
အပျက်အစီးများကြားက ကုန်းရုန်းထရ
သည်သီချင်းသံက
ငါတို့ကို ဆွဲယူထူမ
ငါတို့ချစ်တဲ့ ပြည်သူလူထုကြီးကိုဆွဲယူထူမ
အကြင်နာတရားနဲ့လူပီသသူများကို ဆွဲယူထူမ
ဘ၀များကို ပြန်တည်ဆောက်ပြလိမ့်မယ် .. ။

(အကြင်နာတွေနဲ့ဖေးကူပါ သီချင်းအားခံစားရေးဖွဲ့ပါသည်၊)

ရဲရင့်သက်ဇွဲ

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။