Monday, June 16, 2008

ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့် မွေးနေ့အလှူ ဖိတ်ကြားလွှာ (စင်္ကာပူ)


ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်ပြည့် မွေးနေ့အလှူအား လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပါသောကြောင့် စင်္ကာပူရောက်မြန်မာများအား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၂၂ ဇွန်လ ၂၀၀၈

နေရာ - တိုပါရိုး မြန်မာဘုန်းကြီးကျောင်း

အစီအစဉ်

- ၁၀နာရီမှ ၁၁နာရီ
မွေးနေ့ဆွမ်းအနုမောဒနာ တရားနာကြားခြင်း

- ၁၁နာရီမှ ၁၂နာရီ
၁) မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း
၂) ကြွရောက်လာသော ဧည့်ပရိတ်သတ်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း

- ၁၂နာရီမှ ၁နာရီ
မွေးနေ့ဂုဏ်ပြုအစီအစဉ် (ကဗျာရွတ်ဆိုခြင်း ၊ ဓါတ်ပုံများပြသခြင်း)

2 comments:

Anonymous said...

လင်းလက်ကြယ်စင် ဆိုတဲ့ ညီမလေး ...


ရေးထားတဲ့စာတွေ အများကြီးဖတ်သွားပါတယ် ...
ဘလော့ကို ၂၀၀၅ မှာ စရေးဖူးပါတယ်... တကယ်တော့ ရီဂျစ်စတာလုပ်ရုံပါပဲ ... ဇာတိမြေကို ပြန်သွားပြီးတဲ့နောက်မှာ အင်တာနက်ဆိုတာ အိပ်မက်ပေါ့... ရှင်သန်နေတဲ့အိပ်မက်ပါ...

လက်တွဲဖော်ကို ဖတ်တော့ မဆီမဆိုင် (ခပ်ရှက်ရှက်ပါပဲ) တူမယ့်အချက်တွေကို ရှာမိသေးတယ် ... အချို့က မတူပါဘူး .. ဒါပေမယ့် စာရေးကောင်းတယ်လို့ ယူဆမိတယ် ... ဆရာ မြသန်းတင့် လိုလိုပဲ ...

ဇာတိမြေကို ဖတ်ရတော့ ... ကိုယ့်ရဲ့ဇာတိမြေကို လွမ်းနေတုန်း ကွက်တိပဲ ဖြစ်သွားတယ်... ဒါပေမယ့် ကျွန်နော့ ဇာတိမြေကတော့ လုံးဝခြားနားပါတယ် ... ငိုယိုသံတွေ ... ဆဲဆိုသံတွေဟာ ၁၉၉၄ ခုနှစ် မတိုင်ခင်အထိတော့ မထူးဆန်းတဲ့အရာပေါ့ ... နေရာတော်တော်များများဟာ သွေးနံ့တွေဖုံးလွမ်းနေတယ် ...

ကချင်မြေဟာ စစ်အစိုးရကို နောက်ဆုံးမှ တော်လှန်ခဲ့တဲ့ နယ်မြေဖြစ်မယ်ထင်တယ် ... နှစ်အတော်များများ ပြည်ထောင်စုအပေါ် သစ္စာရှိခဲ့ပါတယ် ...
တိုက်ပွဲတွေဖြစ်နေတဲ့ နေရာနဲ့ မနီးမဝေးမှာ ရှိနေတုန်း ကျွန်နော့ အစ်ကိုတော်တဲ့သူက ပြောတယ် ... ရန်ကုန်ကို သိလားတဲ့ ... ရန်ကုန် ဆိုတာ တောသားတွေအတွက် အိပ်မက်တစ်ခုလိုပါပဲ... ရန်ကုန် မရောက်ဖူးရင်ခေတ်မမှီ သလိုလို... အဲဒီမှာ တက္ကသိုလ်ရှိတယ်တဲ့ ... ၁၉၉၃ ခုနှစ်မှာ အသက် ၈ နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်အနေနဲ့ တက္ကသိုလ်ဆိုတာ မသိပေမယ့် ... စာအုပ်တွေ အများကြီးရှိတယ် ... စာဖတ်လို့ရတယ် ဆိုတဲ့ အချက်က အခုထိ မမေ့နိုင်ဘူး ...

မျက်စေ့ရှေ့မှာ သေသွားတဲ့ ကချင်တော်လှန်ရေးမျိုးချစ်ရဲဘော် (အပစ်အခတ်ရပ်စဲရေးမတိုင်မှီက ရဲဘော်များ) တွေကို ကြည့်ရင်း ဒေါက်တာ ဆိုတဲ့ ဝေါဟာရ၊ ခနော်ခနဲ့ ၀ါးအိမ်တွေကြားက အင်ဂျင်နီယာ ဆိုတဲ့ အရာတွေဟာ ကချင်ကလေးတွေအတွက် မျှော်လင့်ချက်လေးတွေပေါ့ ... တစ်ခါတလေ... ဘယာကြော်ရောင်းတဲ့ ဘာဘူတွေဆီက စက္ကူစလေးရရင် စုပေါင်းဖတ်ခဲ့တာတွေကို မမေ့ဘူးကွာ ...

၎ တန်းရောက်တော့ အပစ်အခတ်ရပ်စဲလိုက်ကြတယ် ... စာသင်ခွင့်ရကြပြီ ... နေရာတစ်ချို့မှာပါ ... နေရာအတော်များများမှာတော့ ကျောင်းတောင်မရှိသေးပါဘူး ... ဆရာဆိုတာဝေလာဝေး ... အခု ၂၀၀၈ ခုနှစ်အထိ ... သိပ်ပျော်ရတဲ့အချိန်တွေပေါ့ ... ပြေးလွှားစရာ မလိုဘူးလေ ... ကလေးဆိုတော့ ဒါပဲတွေးတတ်တယ် ...

မှတ်ပုံတင်အတွက် ငွေသောင်းချီကုန်ကျတာတွေ ... ခဏခဏ အလုပ်ခိုင်းတာတွေ ... ဦးလေးတွေ ခဏခဏ တောထဲသွားပြီး ပစ္စည်းထမ်းပေးရတာတွေ ... တွေ .... တွေ ... တွေးတတ်လာတဲ့ အခါမှာတော့ စိတ်ကူးတွေဟာ ထူးဆန်းလာတယ် ...
အတိတ်ကို ခဏရောက်သွားတာပါ ...

ဟင်းကတော့ ကျွန်နော်လည်း မချက်တတ်သေးပါ ... ဖတ်စ်ဖွတ်တွေ ငြီးငွေ့လာတော့ ... ကချင်ဟင်းတွေလည်း အရမ်းသတိရလာတော့ ... စပါပြီ။ ၀က်သား ၀ယ်လိုက်တယ် ... အမ် ... အမေက အသားဝယ်ပြီးရင် အရင်ကြော်တာပဲ ... ဟုတ်ပြီ ... ကြော်လိုက်မယ် ... ရလဒ်ကတော့ ဆားက အရမ်း(အရမ်း) ကို ငံသွားတယ်. ... တူးသွားလိုက်တာမှ ကိုယ့်အသားထက်မည်းတယ် ... အတူနေတဲ့ တောင်အာဖရိက က ကိုယ်တော်ချောက တော့ သြဘာပေးတယ် ... ဆက်လက်ကြိုးစားဖို့ပေါ့ ....

လူဖြစ်လာလို့တော့ ကျွန်တော် မမုန်းပါဘူး ... ဒါဟာ ဘုရားကျေးဇူးပါ ... တစ်နည်းအားဖြင့် ဒါရွေးချယ်ပိုင်ခွင့် မရှိဘူးလို့ထင်ပါတယ် ...
ကျွန်နော် ကချင်တစ်ယောက်ဖြစ်လာတာ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ အမှတ်အသား အိုင်ဒီ မဟုတ်ပါဘူး ... အဲဒီလို မြင်ပါတယ် ...

ပြီးတော့ တစ်ခါတလေ စဉ်းစားမိတာက ... ကျွန်နော့ အဖိုး ဘာဖြစ်လို့ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့တာလဲ ဆိုတာကို ပါပဲ... ဆယ်တန်းအောင်ပြီး စဉ်းစားမိတာပါ ...

တက္ကသိုလ်ဆိုတာ ငယ်ကတည်းက အိပ်မက်ပါ ... ရောက်သွားတဲ့အခါမှာတော့ ... သစ်ပုတ်ပင် အစား သစ်ကိုင်းခြောက်ပဲ ကြိုဆိုတယ် ... အဓိပတိလမ်းတော့ မရှိဘူး ... ကြောက်ဖို့ကောင်းတဲ့ လမ်းပဲရှိတယ် ... ကျောင်းသားတွေအမြဲ ရန်ဖြစ်နေလို့ ... ဒါတွေက အက်စ်ပီဒီစီ အကြိုက်ပေါ့ ... ပညာရေးကတော့ ပထမနှစ်၊ ပထမဆင်မီစတာကတည်းကနေ အတော်စိတ်ကုန်သွားမိတယ် ...

စာကတော့ အတော်ရှည်သွားပြီ ... ရောက်တတ်ရာရာ ကွမ်းစကားလို့ပဲ သဘောထားပေးပါ... ဖတ်ဖြစ်ခဲ့ရင်ပေါ့ ...

အန်တီစု ကို ကချင်တွေက ဒေါ် မရန် နန်အောင်ဆန်း လို့ခေါ်တယ် ... အတိုကောက်ကတော့ မာကော့ ပါ... သမီးကြီး ဆိုတဲ့အဓိပယ်ပါ ... မရန် ဆိုတာက Maran အမျိုးနာမည်ပေါ့ ... ကချင်မှာက အမျိုးနာမည် ... အိမ်ထောင်နာမည် ရှိတယ်လေ ...
အန်တီစု နဲ့ မွေးလတူလို့ ၀မ်းသာမိတယ်...

စကားမစပ် ... (တကယ်တော့ အရမ်းပြောချင်နေတာ) ဒီနေ့ ကျွန်နော့ မွေးနေ့ပါ ... ၁၇.၆.၁၉၈၅ ခုနှစ်မှာ အူကြောင်ကြောင်အတွေးတွေတွေးတတ်တဲ့ ကောင်လေးတစ်ယောက် မွေးဖွားခဲ့ပါတယ်. ... အမေကတော့ အရမ်းချောပေမယ့် သားကတော့ ခန့်ရုံပဲခန့်ပါတယ် ...

အခု ကချင်မြေကို အရမ်းလွမ်းနေပါတယ် ... ခေါက်ဆွဲအရမ်းစားချင်နေပါတယ် ... ချင်းမိုင်က စိတ်ဝင်စားရတဲ့ ကောင်မလေးနဲ့ အချိန်တော်တော်ကြ ချက် လိုက်ရတဲ့အတွက် အရမ်းကို လန်းဆန်းနေပါတယ် ... ၃ နှစ်ကျော်နေဘူးတဲ့ အညာမြေနဲ့ တစ်နှစ်လောက်နေဖူးတဲ့ ရန်ကုန်ကိုလည်း သတိရပါတယ် ... အထူးသဖြင့် အညာက ရွာလေးတွေကို လွမ်းတယ် ... လွန်းလိုက်တာ သားရယ် ဆိုတဲ့ အညာသံတွေကို သတိရတယ်... တောင်တန်းတွေ မမြင်လို့ အားငယ်နေပါတယ်...

စာအများကြီးဖတ်သွားပါတယ် ... အဲဒီအတွက် ကျေးကျူးကဘာဆိုင် ယော...

ပီအက်စ်.... ဒီတိုးပစ်နဲ့တော့ ကျွန်နော့စာ ဘာမှမဆိုင်ပါဘူး ... ဒါပေမယ့် အပ်ဒိတ် တိုးပစ်မှာ ကော်မန့် ရေးချင်လို့ပါ...

Nge Naing said...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်နိုင်ဖို့ စတင်မကျင်းပခင် တနှစ်ကြိုတင်ပြီုး Alternative Asean Network on Burma မှ ဦးဆောင်ပြီး ကန့်ကွက်သူမရှိပါက လာမည့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ဖို့ အင်တာနက်မှာ ကြော်ငြာခဲ့ပါတယ်။ တနှစ်ပြည့်တဲ့အထိ တစုံတဦးတယောက်ဆီကမှ ကန့်ကွက်အ ကြောင်းကြားခြင်းမရှိခဲ့လို့ မြန်မာ့အမျိုးသမီးသမဂ္ဂနဲ့ တိုင်းရင်းသားအဖွဲ့က အမျိုးသမီးကိုယ်စားလှယ်တချို့ ပါဝင်ပြီး ၁၉၉၇ မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကျင်းပခဲ့ပြီးမှ ကန့်ကွက်အသံတချို့ကို ကြားခဲ့ရပါတယ်။ ဒါပေမယ့် ကန့်ကွက်ချင်တဲ့သူတွေက စောစောကတည်းက မကန့်ကွက်ပဲနဲ့ နောက်မှ ကန့်ကွက်တယ်လို့ ပြောလာတာကိုတော့ ထည့်တွက်စရာလိုမယ်မထင်ဘူး။ စတင်သတ်မှတ်ကတည်းက တနိုင်ငံလုံးမှာ ရှိတဲ့တိုင်းရင်းသား အမျိုးသမီးတွေ အကုန်လုံးတွက် ကိုယ်စားပြုမှုကို ရည်ရွယ်ပြီး မြန်မာလိုနဲ့ “ မြန်မာနိုင်ငံ အမျိုးသမီးများနေ့” အင်္ဂလိပ်လိုနဲ့ “ Women of Burma day” လို့ သုံးပါတယ်။ မြန်မာ့အမျိုးသမီးများနေ့ ဒါမှမဟုတ် Burmese Women’s day လို့ မသုံးခဲ့ဘူး။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဆိုတာ အတည်ဖြစ်ပါတယ်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။