Tuesday, October 28, 2008

မြန်မာ့ရိုးရာ ကထိန်ပွဲ


စင်္ကာပူနိုင်ငံ တိုပါးရိုးဘုန်းကြီးကျောင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၈)နာရီမှ နေ့လည်(၂)နာရီထိ မြန်မာ့ရိုးရာကထိန်ပွဲကို နိဗ္ဗာန်ဈေးပွဲတော်နှင့်အတူ ကျင်းပမည်ဖြစ်ပါ၍ စင်္ကာပူနိုင်ငံရောက် မြန်မာများ တက်ရောက်ကြပါရန် ဖိတ်ကြားပါတယ်ရှင်။ ပီနန်ဆရာတော်ကြီးမှာ မြန်မာ့ရိုးရာကထိန်ပွဲသို့ တက်ရောက်ရန် အောက်တိုဘာလ (၂၈)ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဖြစ်အပျက်အမျိုးမျိုးကြောင့် အခက်ခဲတွေရင်ဆိုင်နေခဲ့ရသည့် စင်္ကာပူရောက် မြန်မာ့အရေးလှုပ်ရှားသူများ တစ်ဖက်မှာ နေ့စဉ်ဘ၀တွေဖြင့် အလုပ်ရှုပ်နေကြချိန် ပြန်လည်စုပေါင်းပေးသော ရိုးရာပွဲတစ်ခုဖြစ်သည့်အတွက် တက်ရောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါတယ်ရှင်။

6 comments:

thonn thonn said...

အင်း..ကထိန်ပွဲလာရင်ကောင်းမလား မသိဘူး။ စာမေးပွဲကလည်းရှိသေးတယ်။ လင်းလက်ရော သွားမှာလား???

အောက်ကဟာကတော့ ဒီပို့စ်နဲ့ဘာမှမဆိုင်ဘူး။ စီဘောက်စ်မှာ ထားမရတော့ ဒီမှာပဲရေးလိုက်ဦးမယ်။ လင်းလက်တစ်ယောက်လည်း သွားပုတ်လေလွင့် အပြောခံ အတိုက်ခိုက်ခံနေရတယ်ထင်တယ်။ တို့လည်း စီဘောက်စ်ဖြုတ်ချပြီး ကွန်မက်စီစစ်လုပ်လိုက်ရတာသာ ကြည့်တော့။ လာပြောတဲ့သူတွေက ယောကျာ်းအရင့်အမာကြီးတွေ။ သူတို့အဆင့်အတန်း ဘယ်လိုနားလည်ရမယ်မှန်းတောင် မသိလောက်အောင်ပဲ။ Don't care, fri!

thonn thonn said...

အော်...သူလည်း စီစစ်ရေးလုပ်ထားတယ်။ ကောင်းတယ် ကောင်းတယ်။ မဟုတ်ရင် မလိုတဲ့သူတွေကြောင့် စိတ်ရှုပ်ရမှာ။

လင်းလက်ကြယ်စင် said...

သွန်းသွန်းရေ တကယ့်ကိုအမှန်ပါပဲ။ ယောက်ျားရင့်မာကြီးတွေက လာတိုက်ခိုက်လို တိုက်ခိုက် ၊ ယောက်ျားဖြစ်ရတဲ့ဘ၀မှာ ဘုရားလောင်းလို ကျင့်ကြံဖို့တော့ စိတ်မကူးဘဲ အမျိုးသမီးတွေကို ညစ်ညမ်းမိုက်ရိုင်းစကားတွေချည်း အမြဲလာလာ ရေးကြလွန်းလို့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်သူတွေလို့ ထင်လာမိတယ်။ ဒါကြောင့် မိုက်ရိုင်းစွာပြောသော စကားများကလွဲ ၊ ဝေဖန်ရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အများစုကို လင်းလက် approve လုပ်ပေးလေ့ရှိပါတယ်။ ကထိန်ပွဲကို လောလောဆယ်တော့ သွားဖို့ စိတ်ကူးထားတယ်။ ဘယ်အချိန်လာဖြစ်မလဲတော့ မပြောတတ်သေးဘူး သွန်းသွန်းရေ။ အပြင်မှာ တစ်ချိန်တော့ တွေ့ချင်ပါသေးတယ်။ စိတ်ဓာတ်ချင်းတူသူမို့လည်း ခင်မင်မိပါတယ်။ ယခုတစ်လောမှာတော့ လင်းလက်စိတ်ထဲရှိတာက ပါစင်နယ်အများစုဖြစ်နေတာမို့ အားတော့နာမိပါတယ်။

ဘာပဲဖြစ်ဖြစ် အားပေးလျက်နော် သွန်းသွန်းရေ။

ခင်မင်လျက်

လင်းလက်ကြယ်စင်

Chaos said...

လင်းလက်တို့ပွဲလုပ်ဖြစ်ပြီးရင်
ဓါတ်ပုံလေးတွေ ပြန်တင်ပေးလေ။
စောင့်မျှော်နေမယ်နော်။
ညီမလေး

Unknown said...

လင်းလက်ေ၇
ဝါသနာပါ လို့ စာေ၇းတာ ကိုကျေး ဇူးတင်္င် တယ်
ဖတ်လို့ လည်း ကောင်္ငးတယ်.....
ညီမ နဲ့ နိုင်ငံေ၇း က အလှမ်းဝေးပါတယ်.....
ယနေ့ အချိန်ထိ နအဖ မသေသေးဘူး.....
အားပေးလျှက်.........

Apprenticeship said...

စင်္ကပူု အငြိမ့်ကို DVD ကကြည့်ဘူးတယ်။ စည်း၂လုံး၂နဲ့ အတော်ပျော်ဖို့ကောင်းတာပဲ..။ ဒီနှစ်လဲအောင်မြင်ပါစေနော်.။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။