Saturday, January 01, 2011

** Happy New Year 2011 **


နှစ်ဟောင်းလေးတစ်ခု ၂၀၁၀က ရင်ထဲမှ လက်ပြနှုတ်ဆက်လို့ ထွက်ခွာသွားခဲ့ပြီ .. ။ ချစ်ရသော ဒီဇင်ဘာလ ရွက်ဝါလေးတစ်ခုလို တစ်နှစ်တာအတွက် ခဏတာ နှုတ်ဆက်သွားချိန်မှာ ကိုယ့်အသက်လည်း တစ်နှစ်တိုးသွားခဲ့ပြီ .. ။ ၂၀၁၀ခုနှစ်ကို လှည့်ကြည့်တွေးလိုက်မိတော့ ရင်ထဲမှာ ခံစားမိတာတွေကလည်း အများသား .. ။

၂၀၁၀ခုနှစ်ဟာ ကျွန်မအတွက် သင်ယူရတာတွေ အတော်များလိုက်သလို ၊ ကျေနပ်မှုအများဆုံးရသော နှစ်တစ်နှစ်လည်း ဖြစ်ခဲ့တယ် .. ။ အလိုချင်ဆုံးသော အလုပ်တစ်ခုကို ကျောင်းပြီးချိန်မှာ ရခဲ့သလို ၊ ကိုယ့်အစွမ်းအစကိုထုတ်ဖော်ပြသခွင့်ရတဲ့အတွက်လည်း ကျေနပ်အားရမှုအဖြစ်ဆုံး နှစ်တစ်နှစ်ပါပဲ .. ။ ချစ်သူနဲ့ ခရီးလမ်းလည်း ချစ်ချစ်ခင်ခင် ချောမွေ့ရင်း ပိုပြီး လူကြီးပုံစံဝင်လာခဲ့ပြီ ထင်ပါရဲ့ .. ။ နှစ်ဟောင်းရဲ့ ကျေနပ်ပျော်ရွှင်မှုတွေ နှစ်သစ်မှာ ပိုမိုတိုးပွားရန် ဆန္ဒပြုရင်း အားမာန်တွေနဲ့အတူ ဘ၀ခရီးလမ်းကို ကျွန်မ ဆက်လျှောက်နေဆဲ …. ။








2011 New Year Fireworks in Marina Bay, Singapore

Magnificient Marina Bay Sands in New Year Eve. A place where I enjoy working :)

3 comments:

ညီလင်းသစ် said...

ညီမ,လင်းလက်... ပျောက်နေတာ ကြာပြီနော်၊ နှစ်သစ်ကူး ပို့စ်လေးဖတ်ရလို့ ဝမ်းသာပါတယ်၊

ပျော်ရွှင်ဖွယ်ရာ ၂၀၁၁ ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်...။

မန်းကိုကို said...

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါဗျာ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ စေဖို့ ဆန္ဒပြုပါတယ်။ :-)

flowerworld said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ညီမလေးရေ.........း-)
လိုအပ်မှု့လေးတွေ ဖြစ်မြောက်အောင် ဆော်ရွက်နိုင်ပါစေလို့

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။