Sunday, May 12, 2013

သနားမိခြင်း ပုစ္ဆာ



သနားမိခြင်း ပုစ္ဆာ

“သနားခြင်း”က
သွားချင်တဲ့ ခြေလှမ်းတွေကို တုပ်နှောင်စေတယ် .. ။

“သနားခြင်း”က
ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ယိုင်နဲ့စေတယ် .. ။

“သနားခြင်း”က
ကိုယ့်ဆန္ဒတွေကို နောက်ပို့လိုက်ရတယ် .. ။

“သနားခြင်း”က
စိတ်လွန်ဆွဲပွဲကို သရေပွဲနဲ့ အဆုံးသတ်လိုက်ရတယ် .. ။

“သနားခြင်း”က
အိပ်ပျက်ညတွေအလယ်မှာ ကယောင်ခြောက်ခြားဖြစ်ရတယ် .. ။

“သနားခြင်း”က
တောင်ပံမဲ့ငှက်တစ်ကောင်လို ရှင်သန်ရတယ် .. ။

နောက်ဆုံးမှာ ....
“သနားမိခြင်း”ဟာ “အချစ်”မဟုတ်ပေမယ့်
အဖြေထုတ်ရခက်ဆုံး ပုစ္ဆာတစ်ပုဒ်လို အမြဲတ၀ဲလည်လည် ..... ။

လင်းလက်ကြယ်စင် (ဂျူးဂျူး)
Sat, 11th May 2013

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။